သတိ…….အသည်းအား မဆော့ရ ကွဲတတ်သည်……………………
အသည်းကို
ဇယ်တောက်
မာနခြင်းပြိုင် တိုင်း
ကစားကြရအောင်
ချစ်သူ……….။
ကွဲခဲ့တဲ့
ငါ့သူငယ်ချင်း
အသည်းတွေအတွက်
လက်စားချေခြင်း
ဆိုတဲ့
ကျောပိုးအိတ်
ငါကျေကျေနပ်နပ်
ထမ်းခဲ့လေရဲ့……။
နေ့ရက်တွေ တိုင်း
မင်းနဲ့တွေ့
မင်းနဲ့ပျော်
မင်းနဲ့နေ ရပေမယ့်
ငါ့အသည်း
ငါသော့ခတ်ထားခဲ့တယ်လေ….။
ချောလှတဲ့မင်း
အပြောကောင်းတဲ့မင်း
လျှာတစ်ချောင်းကို
ယောင်္ကျားကလေးတွေရဲ့
အသည်းတွေကိုခွဲဖို့
ဓါးတစ်ချောင်းလို
လှပစွာသုံးနိုင်သူ……..။
မင်းကြောင့်မူး
မင်းကြောင့်ရှုး
အခု မင်းငါ့ကြောင့်
မင်း ထူးစေရမယ်လေ
ငါ့ အပြော
ငါ့ ဂုဏ်ကြောင့်
ငါ့ ဘာသာ မာန်တွေထန်
မုန်တိုင်းတွေ
ဟန်စေခဲ့လေရဲ့…..။
ငါကို ငါမြွေနဲ့ဆော့တယ်တဲ့
စိတ်အထင်တွေရောက်
ဖြေဆေးတွေ
အသည်းထဲ
ထူပူအောင် ငါထိုးခဲ့တယ်…..။
ငါ ကိုယ်ငါ
မြင်ခဲ့တယ်
ငါ့သူငယ်ချင်းတွေကို
ငါမြင်ခဲ့တယ်
ငါမမြင်တာ မင်းကိုပါ…။
ရမ်းကားတဲ့ငါ
ဆိုးသွမ်းတဲ့ငါ
ငါ့သူငယ်ချင်းတွေ
ဆိုးမိုက်တာကိုငါမေ့
ငါ့ကို တကယ်ချစ်
တကယ် မေတ္တာနှစ်ခဲ့သော
အခု မင်းကို ငါ
ဒုက္ခနွံထဲ
နစ်စေခဲ့လေပြီ……………..။
၅၆
လှပသော
နံပါတ်တစ်ခုမဟုတ်ပါ
သူမ
သူမ
ကျွန်တော့်ပါးစပ်က
တဖွဖွရွတ်နေမိသည်
ဘုရားစာတွေ
မမှန်
ခြေလှမ်းတွေမမှန်
သူမ နှလုံးသားအမှန်ကိုတော့
ကျွန်တော်တွေ့ ခဲ့ချေပြီ
တွေ့တော့တွေ့တာပဲ
အချိန်လွန်…..အတွေ့လေ…..။
ဆေးစစ်ချက်တွေနဲ့
ဂျူတီကုတ်တို့က
လှောင်ပြုံးပြုံးကြချေပြီ
သံယောဇဉ်ကို
တန်ဖိုးမထား
နားမလည်တဲ့ကောင်
ကျွန်တော့်ခေါင်းတွေ
ဆူဝေချေပြီ
သူမအစား
ကျွန်တော့အသိတွေသာ
မဲ့နေချင်တော့သည်…..
ရှင်လျှက်နဲ့သေ
သေလျှက်နဲ့ကျွန်တော်ရှင်နေချေပြီလေ…………..။
ကျွန်တော်အချစ် နဲ့
နှလုံးသားကတော့ဗျာ
အက်ဆီးဒန့်မှာမှ
ပါသွားလေတဲ့
သူမ အသိစိတ်တွေနဲ့
အတူ ယှဉ် တွဲလျှက်
ပျောက်ပြက်သွားချေပြီ……..။
ငါမင်းကို
ထာဝရစောင့်ရှောက်မှာပါ….
ငါ့နောင်တတွေ
ငါ့မျက်ရည်တွေ
ငါ့သံဝေဂတွေ
နင်မြင်ရင်
နင်ငါ့ကို
သနားအုံးမှာပဲနော်………………။
ငါ…….ဒူးထောက်နေပါပြီ
ငါ…၀န်ခံနေပါပြီ
ငါ….မှားပါပြီ
ငါ့ကို…….. ရိုက်ပါအုံး
ငါ့ကို ……….ကြိမ်းပါအုံးချစ်သူ
ငါကမင်းလေးကို
ချော့ခွင့်ရချင်သေးရုံသက်သက်ပါ………..။
Comment #2
har,,,,,,,,,
yet sat like tar.
loak yet like tar.
lat sar chay chin loh?
By: ei lay at Sep 18, 2011
Comment #3
read again.
lots of meanings with excited feeling.
By: ei lay at Dec 15, 2011




Comment #1
ကဗျာ အရေးအသား လက်သွက် တယ်နော်. ကိုဒေဝေါ
ရေးသမျှ လည်း အကောင်းတွေ ကြည့်ပဲ
လုလင်အားပေးသွားပါတယ်