Professional Authors

မိတ္တူ

မျက်နှာချင်းဆိုင် ဝေးနေရတာလောက်
ဘယ်ဒဏ်ရာမှ မနာကျင်လောက်ဘူး….တဲ့
(ကဗျာတစ်ပုဒ်ထဲ ထည့်ရေးခဲ့ဖူးတယ်)။

မမြင်နိုင်တာကိုပဲ လှမ်းလှမ်းချည်နေရတဲ့
အနမ်းတစ်ကန့် အလွမ်းတစ်ကန့်ပန်းချီ
စုတ်ချက်ကမပီတော့ ခက်တယ်။

အုပ်သင်းဖွဲ့ လွှင့်လွှင့်နေတဲ့
ဝါကျင့်ကျင့်မိုးတိမ်တွေရဲ့ ကိုယ်ပေါ်က
လိမ္မော်ရောင် ညနေခင်းတွေဟာ ငါတို့ဘ၀လား။

ကဲ…နွေလေးရေ..
အခက်အညွှန့် မဝေတဲ့ ဆက်ဆံရေးမှာ
အဖက်မတန်သလို လက်ခံနေရတဲ့ အဆွေး
ဘယ်လိုတေးနဲ့ အဖြေပေးမှ
ဘယ်နှစ်ဘ၀စာ ကျေးအေးမှာတဲ့..လဲ။

ညသိပ်လေပြေ အပြန်ခက်ရာက
လျှံတက်လာတဲ့ မျက်ရည်အပူတွေဟာ
မျှော်လင့်နေကြောင်း သက်သေထူဖို့
ငါ့ကိုယ်ငါ ကူးလိုက်တဲ့ မိတ္တူပါကွယ်။

In: ကဗျာ Posted By: Date: Jan 4, 2013
Comment #1

မျက်ရည်ကို ကော်ပီမဆွဲပါနှင့်တော့
စာသားတွေကိုတော့ လေးစားတယ်ရှင်
တကယ် ဆန်းတယ် ကြိုက်တယ်

commentinfo By: မေပျို at Jan 5, 2013
Comment #2

ညသိပ်လေပြေ အပြန်ခက်ရာက
လျှံတက်လာတဲ့ မျက်ရည်အပူတွေဟာ
မျှော်လင့်နေကြောင်း သက်သေထူဖို့
ငါ့ကိုယ်ငါ ကူးလိုက်တဲ့ မိတ္တူပါကွယ်….

commentinfo By: Yoon Thae Phyu at Jan 5, 2013
Comment #3

nice poem….

commentinfo By: Yoon Thae Phyu at Jan 5, 2013
Comment #4

Excellent choice of words.

commentinfo By: ei lay at Jan 6, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment