Professional Authors

“ကဗျာရှိနေသေးသ၍တော့ …”

မိန်းမပျိုလေးရေ …
ကဗျာတွေ ရှိနေသ၍
မင်း ဟာ ငါ နဲ့ …
လုံးဝအချိတ်အဆက်မဲ့မှာ မဟုတ်ဘူး …

နောက် …
ကဗျာတွေ ရှိနေသေးသ၍လည်း
မင်းငါ့နှလုံးသားကို …
ဘယ်လိုခွဲခွဲ ကွဲမှာမဟုတ်ဘူး …
? ? ? —–
မင်း ငါ့နှလုံးသားမှာ …
မမွေးဖွားခင်ကတည်းက …
ငါ ဟာ …
ကဗျာတွေမှာ ကွဲကြေပြဲစင် … ခဲ့ပြီးလို့ပဲ …
(၂)
ငါ့ခြေထောက်တွေ အမေမွေးကတည်းက အတိုင်းပဲ …
မပြောင်းလဲဘူး … နှစ်ချောင်းထဲ …
လမ်းပေါ်မှာလည်း …
တစ်စက္ကန့်ကို ခြေသံတစ်ခါထက် ပိုမသွားဘူး …
ရင်ခုန်သံတွေ အဖော်မရှိဘူး …
အာရုံတွေ အထီးကျန်လျက် … ပဲ …

ဒါပေမဲ့ …
မိန်းမပျိုလေးရေ မင်း မှတ်ထား …
ကဗျာတွေ ရှိနေသေးသ၍တော့ …
စကားလုံးတွေက
“ တစ်ယောက်တည်းပဲ ”
“အစစ်အမှန်” ကို လှစ်ပြရမယ် …ဆိုရင်တော့ …
“သိုက်မြုံစည်ကားခြင်း”
… ပါ ပဲ …။
……………………………………………

In: ကဗျာ Posted By: Date: Jun 17, 2010
Comment #1

မင်း ငါ့နှလုံးသားမှာ …
မမွေးဖွားခင်ကတည်းက …
ငါ ဟာ …
ကဗျာတွေမှာ ကွဲကြေပြဲစင် … ခဲ့ပြီးလို့ပဲ …

အရမ်းမိုက်တယ် စာသားတွေ ~

With respect,
RAY

commentinfo By: X - ray at Jun 30, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment