Professional Authors

ကမ္ဘာတစ်ဘက်ကိုပေးတဲ့ စာ

အဝေးကြီးဆိုတာထက် ပို ပို ဝေး

ဟို ဟိုအဝေးက

ချစ်သော မျက်ဝန်းညိုလေးရေ..

……………………….လွမ်းတယ်။

 

တော တောင်တွေနဲ့ မျဉ်းသားခံထားရတဲ့

ပင်လယ်ရပ်ခြားက အကျဉ်းသား ငါ

မိဝေး ဖဝေး နှင်းခါးခါးအောက်မှာ

မေတ္တာအလင်းအားတွေကျပျောက်

အခုတော့…

အဝေးကိုမျှော်တဲ့ သီချင်းတံတားပေါ်

….ငါတစ်ယောက်တည်းလျှောက်လို့။

 

ရယ်သံသဲ့သဲ့လေးကို မျှားရဖို့

ဓားသွားမြမြကို ငုံခဲ ရုန်းကန်

မမြင်တာကြာတဲ့ ချစ်သူရဲ့ အပြုံးတစ်ရံမှာ

လရောင်မဲ့ ဖုန်းသံလေး သွေးအေးပြန်ပေါ့။

 

နာကျင်စွာ ပြာလွင်တောက်ပနေရတဲ့

ပျောက်ရှကောင်းကင်ရဲ့ လက်ဖျံထဲက

တိမ်ကောလုလု ငှက်သံနဲ့

အခန်းဆက်မျက်ရည်မှာ ကြွေတဲ့ မနက်ဖြန်တွေလည်း

”ဆက်ရန်”…ဆိုတဲ့ စာတန်းအချိတ်မှာ

နှုတ်ပိတ်…ကျိုးကြေ

(ချစ်သော မျက်ဝန်းညိုလေးရေ…)

အဲ့သလို ကမ္ဘာအဝေးမှာ တိတ်တိတ်တိုးတိုး

…….အလွမ်းမိုးစွေ နေလိုက်ကြရုံ။

In: ကဗျာ Posted By: Date: Apr 2, 2013
Comment #1

Hna lone tarr hnit khan sarr twar par de.
Khan sarr yinn lwan maw twar par de.

commentinfo By: ei lay at Apr 2, 2013
Comment #2

လှတယ်ဗျာ..ကဗျာလေး

commentinfo By: n$n at May 7, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment