Professional Authors

ဆာလောင်နေတဲ့တေး


ခေါင်းလောင်သံတွေ ပါးစပ်ပိတ်
ဖတ်စာအုပ်လေးတွေ စာအံသံတိတ်လို့
သားတို့ရဲ့ ကျောင်းတံခါး ပိတ်ထားတာကြာပြီ။

ယမ်းနံ့သင်းနေတဲ့ ပန်းပွင့်တွေခမျာ
ကမ်းလင့်သူမဲ့ ကြွေ ညှိုး
ကျောင်းရှေ့ကထိုင်ခုံလေးလည်း ပိုးထိုးပေါ့။

ရိုသေချင်လည်း ရိုသေခွင့်မရတဲ့
ဆ ဆရာမရဲ့ ကျောင်းစိမ်းလေး
အခု သူလည်း ကျောင်းပြေးပြီ။

သားလျှောက်နေကျ ကျောင်းလမ်းကလေး
သားမွှေးနေကျ ကျောင်းပန်းခင်းလေးနဲ့
သားတို့ ကလေးတွေရဲ့ ကစားကွင်းထဲ
ဘယ်သူတွေ ဆော့နေကျတာလဲ။

ကျောင်းရှေ့ကအလံတိုင်မှာ
ကမ္ဘာမကြေနိုင်တဲ့ သီချင်းလေး
သူလည်း ဦးညွတ်သူတွေနဲ့ ဝေးပေါ့။

ဖူးတံလေးတွေ ၀င့်ချီနေတဲ့
ပွင့်လုလု စီရရီပန်းတွေ
ဖိနပ်ကြမ်းကြမ်းတွေအောက်မှာ ကျိုးကြေနေလေမလား။

သီချင်းဆိုဆိုပြတတ်တဲ့
သားရဲ့ ကိုကို နဲ့ မမ
သူတို့ ပစ်ပစ်ချတဲ့ သက်ပြင်းရှည်ထဲ
သား ထမင်းကြမ်းလေး အေးခဲနေပြီ။

သားကို..ဖြေပေးကြပါ
ကလေးလေးတွေ ဟစ်ကြွေးနေကျ
ဖေဖေ မေမေ…ခေါ်တဲ့တေး
ဘယ်ရင်ခွင်တွေကနွေးထွေး
ဘယ်နှလုံးသားတွေကနားထောင်ပေးမှာလဲ။

In: ကဗျာ Posted By: Date: Dec 27, 2012
Comment #1

Arr pay twar par de.

commentinfo By: ei lay at Dec 27, 2012
Comment #2

စစ်ပွဲတွေကြား…ပညာရေး..လူမှုရေး..စားဝတ်နေရေးအားလုံး ဆုတ်ယုတ်ပျက်စီးရတယ်..I hate war..

commentinfo By: Yoon Thae Phyu at Jan 3, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment