Professional Authors

အမေ အားတက်ပါစေ

အမေ… မလာခင်

သုံးရက်အကြို ခွပ်ဒေါင်းယဉ်နဲ့

ကြိုမယ် အားခဲလို့

မြို့ထဲမှာ…

ကြွေးကြော်လို့ ပြင်ဆင်

သားတို့ ပျော်ရွှင်ခဲ့တယ် ။

 

ဟော… အမေလာပြီ

တစ်ချို့က လေယာဉ်ကွင်းမှာ

တစ်ချို့က လမ်းဘေးဝဲယာ

လာမယ့်လမ်းမှာ ပြည့်ကျပ်စွာ

နှုတ်ဆက်လို့ ကြိုဆိုကြတယ် ။

 

ဒါတင်ပဲလားဗျ…

အောင်မြေနင်းမယ့် အောင်ပင်လယ်ကွင်းမှာ

တစ်ချို့က လေးနာရီ

တစ်ချို့က ငါးနာရီမှစလို့

စေသူမရှိ ကိုယ်ပိုင်အသိ

သားတို့ရင်မှာ ကိုယ်စီရှိလို့

လာကြတယ် စောင့်ကြတယ်

ပြည်သူချစ်တဲ့ အမေ့ကိုလေ ။

 

ပူပြင်းတဲ့ မန်းလေးနွေက

အမေ့မေတ္တာကြောင့်

အေးမြလို့နေခဲ့ပေါ့

မိုးသည်းတော့ ရွှဲစိုလို့

ချမ်းတုန်နေလဲ အမေ့မေတ္တာကြောင့်

သားတို့ရင် နွေးထွေးလို့နေခဲ့ပါတယ် အမေ… ။

 

ခရီးပန်းလို့ အမေနေမကောင်းဘူးတဲ့

စိတ်မကောင်းလို့ ဆုတောင်းမိတယ်

ပြည်သူမေတ္တာ သားတို့စေတနာကြောင့်

အမေ ကျန်းမာပါစေ… ။

 

ဒီမိုကရေစီလမ်း ခရီးကြမ်း၏

ဆူးညောင့်ခလုတ် ဖယ်ကာရှားလို့

အမေလှမ်းမယ့် လမ်းတစ်လျှောက်

ခရီးပေါက်အောင် သားတို့ ဖေးကူပါရစေ.. ။

 

သားတို့ အမေ…

အမေ ဒေါ်အောင်ဆန်းစုကြည်ကို

ဝိုင်းရံထောက်ခံ အားဖြည့်လို့

အမေအကူအညီနဲ့ တိုင်းပြည်အကျိုး

သားတို့ သယ်ပိုးမယ်လို့

သားတို့ သစ္စာဆိုပါတယ် အမေ…။

 

 

In: ကဗျာ Posted By: Date: Mar 7, 2012
Comment #1

၃ ရက်နေ့က ခံစားချက် အပိုင်းအစလေးတွေပါဗျာ

commentinfo By: Demon at Mar 7, 2012
Comment #2

တောင်ငူပွဲမှာ အန်တီစကားပြောနေတုန်း အန်တီ့လုံခြုံရေး တာဝန်ယူတဲ့သူတယောက်ကို ဂျင်ဂလိ ထိသွားလို့ ဆေးရုံတင်ထားရတယ်ဆိုတဲ့ သတင်း အခုပဲ ဖတ်လိုက်ရတာ။

ဒီကဗျာကို ဖတ်လိုက်ရတော့ ဖတ်ရင်း မန်းလေးသားတွေ ချီးကျူးမိတယ်။

ဖတ်ရင်း ကြက်သီးကို ထသွားတာပဲဗျာ၊

commentinfo By: kantkawmg at Mar 8, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment