Professional Authors

မျှော်လင့်နံနက်ခင်း

ကိုကိုကပြောတယ် “အရမ်းချစ်တာပဲ ကလေးလေးရေ” တဲ့

ကျွန်မ ကိုကို့ ဒူးခေါင်းပေါ် မေးလေးတင်လို့ ရိုးသားစွာနဲ့.. ပြီးတော့ ရိုးစင်းစွာနဲ့

 ပြန်မေးမိတယ် “အဲ့ဒီအချစ်တွေက ကျွန်မအတွက် coffee တစ်ခွက် ဝယ်သောက်လို့ရလား” လို့

ကိုကို က ပြန်ပြောတယ်  “အားတင်းထားပါ ကလေးလေးရေ” တဲ့

ကိုကို့မျက်နှာကို ပြုံးပြုံးလေး ကြည့်ဖြစ်တယ်။ သက်ပြင်းရှိုက်လို့ မေးမိတယ်

“တစ်ခုခုကို အနိုင်ရစေဖို့လား ဒါမှ မဟုတ် တစ်ခုခုကို စွန့်လွှတ်ရစေဖို့လား ကိုကို” လို့

ကိုကိုက  “ရောက်တော့မှာပါ ကလေးလေးရယ်” တဲ့

ဟင့်အင်း ကလေးလေး ညောင်းနေပြီ လို့ ပြန်မပြောဖြစ်ပါဘူး

ကိုကို့ကို “လက်တွဲထားမှာလား” လို့ မေးတော့  “အင်းပေါ့ ဒီလောက် ခိုင်မြဲနေတာကိုး” တဲ့

“ဒါဆိုရင် ဒရွတ်တိုက်ပဲ ဖြစ်ဖြစ် ရအောင် လိုက်မယ်” လို့ ပြောမိတယ်

ကိုကိုက “မျက်လုံးလေး မှိတ်လိုက်ပါကလေးရယ်.. တို့အတွက် နေရောင်ခြည်ဖြာလင်းတဲ့ နံနက်ခင်းလေးကို  ခဏလေးနဲ့ ရောက်တော့မှာပါ” တဲ့…။

တဒင်္ဂ အားတွေအပြည့်နဲ့ ပြုံးမိတယ်..။ ပြီးတော့ မျက်လုံးလေး မှေးစင်းပြီး လွတ်လပ်စွာ အိပ်မောကျလိုက်တယ်။ ဒါမှ အိပ်မက်မဟုတ်တဲ့ နံနက်ခင်းလေးကို ကျွန်မတို့ မြန်မြန်ရောက်မှာလေ။

 နှင်းဆီနက် (30th Sep 2012 – 12:32am)

In: စကားပြေ Posted By: Date: Sep 30, 2012
Comment #1

so so sweet

commentinfo By: ei lay at Oct 4, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment