Professional Authors

ချစ်သူ


နှုတ်ခမ်းပါးလေးရဲ့ ပြင်းအားမှာ
ငြိမ်းချမ်းရေး အလင်းတစ်ခါးတွေပွင့်ပြီ

ဘယ်ခေတ်မှာမှ မထွင်းဆစ်ခဲ့ဖူးတဲ့
မျက်ဝန်းစစ်နဲ့ကျစ်တဲ့ကြိုး
အခု ”သံယောဇဉ်”လို့ကမ္ဗည်းထိုးမယ်

ချစ်သူရဲ့ အရယ်အမောမှာ
ကြယ်တစ်တောလုံးကြွေလွင့်
အဲဒီနေ့အဖို့ နေမပွင့်တော့ဘူး

ဟုတ်တယ်
…………ချစ်သူဆိုတာ
သစ္စာနဲ့မှ တေးဆိုတတ်တဲ့ ငှက်
သူ့အတောင်တစ်ချက်ခတ်ရုံ
ပန်းအားလုံးပြန်ငုံသွားစေသူ…။

In: ကဗျာ Posted By: Date: Dec 26, 2012
Comment #1

Wow,,
mike ei
😛

commentinfo By: ei lay at Dec 27, 2012
Comment #2

ချစ်သူ
ကြေကွဲနေတဲ့ငါ့နှလုံးသား
မင်းကို မြင်ရင် ပြုံးပြဖို့တောင်
အင်အားတွေ မဲ့နေသူပါ
အခြေအနေအတူတဲ့ဘဝမှာ
အချိန်တွေကုန်လွန်ခဲ့လည်း
အချစ်ဆိုတာကိုမပြောနဲ့
ယုံကြည်မူကိုတောင် မပေးနိုင်ခဲ့သူ
ငါ့ဘဝ ငါ့ဇာတ်လမ်းမှာ
ငါဟာ ဇာတ်လိုက်ဆိုပေမဲ့
နင် ကြိုးဆွဲရာ ကနေရသူပါ
acm

commentinfo By: အောင်ကျော်စိုး at Dec 27, 2012
Comment #3

ချစ်သူ
ကြေကွဲနေတဲ့ငါ့နှလုံးသား

မင်းကို မြင်ရင် ပြုံးပြဖို့တောင်
အင်အားတွေ မဲ့နေသူပါ
အခြေအနေအတူတဲ့ဘဝမှာ
အချိန်တွေကုန်လွန်ခဲ့လည်း
အချစ်ဆိုတာကိုမပြောနဲ့
ယုံကြည်မူကိုတောင် မပေးနိုင်ခဲ့သူ
ငါ့ဘဝ ငါ့ဇာတ်လမ်းမှာ
ငါဟာ ဇာတ်လိုက်ဆိုပေမဲ့
နင် ကြိုးဆွဲရာ ကနေရသူပါ
acm

commentinfo By: အောင်ကျော်စိုး at Dec 27, 2012
Comment #4

Good

commentinfo By: kyawnainglin174 at Dec 27, 2012
Comment #5

Wow..
Nice comments

commentinfo By: jocker at Dec 27, 2012
Comment #6

Comment ka mike de naw.

commentinfo By: ei lay at Dec 27, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment