Professional Authors

ဒေါသနဲ့ သေ ငရဲ ပြည် ရောက်လေ ဧကန္တ

ဒီနေ့ …..
အားပေးစကားတွေ နဲ့ ဖြေသိမ့် ဖို့ တရားတွေပဲ ပေးနိုင်ချင်
ကိုယ့်ကျင့် တရားကို အမြင့်မှာထား ထားလို့ ထင့် 
ကြေကွဲခြင်းတွေပိုစု ရင်ထုလို့ သာ ငိုလိုက်ချင်တယ်
လူမိုက်ဆိုလျင်ရှောင်သွေလွဲလို့ ဆိုတာ
ဘုရားဟောတဲ့ ဝါဒ မင်္ဂလာဓမ္မရဲ့  နံပါတ်၁
လက်ရှိဘ၀အဖေမှာတဲ့ စကား နည်းနည်းမှားတာက
ပေါင်းတော့ပေါင်း အကျင့် မကူးစေနဲ့ 
သူခိုးနဲ့ ပေါင်းရင် ကိုယ့် အိမ်တော့မခိုး တဲ့ 
ဒါ မှားတယ်အဖေ….
သမီး သေသေခြာခြာမှတ်ပီ
ဘုရားစကားသာအမှန်
သူခိုးဟာ သူခိုးကျင့် သူခိုးအကြံသာရှိ
ဆွေမျိုးရယ်လို့ ဘယ်မှာရှောင်မလဲ … ဒါ နမူနာပြောတာပါနော့်
ကိုယ့် စံနဲ့ ကိုယ်ကိုက်…
လူမိုက်ဟုတ် မဟုတ် ငါးပါးသီလဆိုတဲ့ စံနဲ့ တိုက်
တချက်မကိုက်ရင်လူဆိုး
နောင်ကို မောင် ညီမများ
ဓမ္မပဒစကားလေးလည်း မှတ်သားပါဦး
လူယုတ်မာကို မွေးရပ်မြေ ကပင်
ထွက်ပြေးအဝေးသို့ ရှောင်သင့်ရဲ့ 
လူဆိုတာ ကိုယ့် ဘက်တော့ တကွက်ချန်
လူကောင်းစာရင်း သွင်းတတ်ကျရဲ့ 
ငါးပါးသီလနဲ့ ကိုက်ကြည့် 
တချက်ညိရင် လူမိုက်
လူယုတ်မာဆိုတာတော့ 
ကိုယ်ကျိုးကြည့် သူများအကျိုး ထိချင်သလောက် ထိပေ့ စေဆိုတာ လူယုတ်မာ
တခါတခါ ငါဟာလူမိုက်
တခါတခါ ငါဟာလူယုတ်မာ
ဟုတ်မဟုတ်
နေစဉ် နာရီလိုက် မှတ်တန်းထုတ်လို့ 
မှတ်ကျောက်တင်
ညိနေယင် အမှန်ပြင်ပါတော့….
လောကငရဲဆိုတာ မကျပဲ တော့ ငါမယုံလို့ မဆိုနဲ့ 
၂၄ပစ္စည်းစက် ဖြတ်ဖြတ်နဲ့ လှည့် လို့ 
သေခါနီးမရဏဇော စောတဲ့ အခါမှသိ
နောက်လှည့်ကြည့် ဖို့ အချိန်မရှိ
သွားလေရော့တဘဝ
ငရဲကျမယ့်သူ မသေခင် အပူဟပ်တယ်နော့
အမလေးပူလိုက်တာ ဆိုစကား အခါခါ ကြားလိုက်ရတော့
သူ့ အကုသိုလ် ကိုယ်ဆင်ခြင်ကြည့် 
ကျန်တာ မယ်မယ်ရရ မရှိပါဘု
ဒေါသဒေါသ အဲဒါ ဆွဲခါချလို့ ငရဲရောက်တာ
တကယ်ပါ.. တကယ်ပြောနေတာ…နေရင်း ထိုင်ရင်း သူ ..ပူစရာမရှိပဲ ထပူ
ပြီးတော့ သူစိတ်လျော့ လို့ …မျက်နှာ ညို
မကြာမတင် သေပွဲဝင်တာ….
ကိုယ်လည်း ဒေါသအိုးကွဲတယောက်
ဂရုဏာဒေါသအမည်တတ် လိုက်
မဟုတ်မခံဘူးလို့ တခါပြော
အမြင်မတော်ယင်တော့ ပြောမှာပဲလို့ တွေး
အားလုံးအားလုံး ငါမှန် ၏ ဆိုတဲ့ ခေါင်းစဉ်အောက်
ဒေါသအပင်ပေါက်ပုံက
သစ်ရွက်တွေ စိမ်းလို့ စို…အကိုင်းအခက်အလက်တွေဝေဆာလို့ 
ဒီစေတနာကံမြောက်လို့ မျိုးစေ့ဖြစ်
နောင်ဘ၀ဆိုတဲ့ အပင်ပေါက်ရင်
ငရဲပြည်သို့ တခေါက် အလယ်ရောက်တတ်ကဲ့ 
ပြီးမှ ကုသိုလ်ကံအလျောက် ဘ၀ကောင်းကို ပြောင်းရမှာ
သောက..ပရိဒေ၀..ဗျာပါဒ မျက်ရည် အထွေထွေသော မပျော်ရွှင်မှု
စိတ်ညစ်စိတ်ဆိုးစိတ်ပူစိတ်နောက် ခြေရာကောက်တော့ 
ဒေါသရဲ့ အနွယ် ပြောရယင် နယ်ကျယ်ရဲ့ 
ဒီတော့
ဖြစ်ပြီးသမျှ ဒေါသကြောင့် ပတ်စပို့ တော့ ရနေပြီ
နောက်ရှေ့ ရှောက် ဆင်ခြင်လို့ သေခြင်းအနီးကပ်ကံမှာ
ဒီဒေါသပေါ်ခွင့်မရအောင် ခုကစ သတိဆိုတဲ့ တရားကိုပွါး
ဒေါသများအားလက်သင့်မခံ…တော်လှန်တိုက်ခိုက်လို့ 
ဘာကြောင့် ဘယ်သူ့ ကြောင့်မှ ဒေါသဆိုတာ မဖြစ်ရစေဖို့ အကြောင်း
ဘုရားမှာ ညောင်ရေလောင်းလို့ ဆုတောင်းဖို့ 
ဆုတောင်းတယ်ဆိုတာပဋိညာဉ်
ငါ ဒီလို မဖြစ်စေတော့ပါလို့ ဝန်ခံချက်…

In: ကဗျာ Posted By: Date: Jan 25, 2012
Comment #1

တခါတခါ ငါဟာလူမိုက်
တခါတခါ ငါဟာလူယုတ်မာ
ဟုတ်မဟုတ်
နေစဉ် နာရီလိုက် မှတ်တန်းထုတ်လို့ 
မှတ်ကျောက်တင်
ညိနေယင် အမှန်ပြင်ပါတော့…

commentinfo By: kantkawmg at Jan 25, 2012
Comment #2

အားပေးနေပါတယ.်

commentinfo By: အသဲကွဲမိုး at Jan 25, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment