Professional Authors

မြင်နေကျ…နှင်း


ကမ္ဘာမြေ အဆက်ဆက်ရဲ့
ရင်ဘတ်ဟက်တက်တွေပေါ်
လင်းလင်းလက်လက်
…….ဆင်းသက်လာတဲ့
နု…ညံ့…၀င်း…ညက်
နှင်းစက်လက်ညနေ….
သီချင်းတစ်ဝက်တပျက် မြောက်လေအလူး
သဇင်ပန်းဦးတွေရဲ့ ရနံ့စူးမှာ ဝေမူးဒဏ်သင့်
(ဆောင်းကိုချန်ရစ်ပြီးနောက်….)
မိုးဦး နွေဦးတို့ အိပ်တန်းပြန်နှင့်ပြီ။

အခုဆို…
မဖြူတဲ့နှင်းတွေပဲ
ရင်အုံကို ယူ…ဖဲ့…နင်း…ခြွေ
……………အကူမဲ့
ပူတဲ့ အလင်းတွေနဲ့ ဒဏ်ခတ်တော့
”မင်္ဂလာပါ…ဆောင်းရေ”ဆိုတဲ့ သံချပ်လည်းပျက်ပေါ့။

မြင်နေကျ နှင်းရေ…
အကြင်နာ ခါးသက်သက်တွေနဲ့
ပျားရည်စိမ် ဓားထက်ထက်ပေါ်က
အကြားခက်လှတဲ့ မင်းရဲ့ နှုတ်ဆက်သင်္ကေတ
(ဒီဆောင်းရဲ့ မျက်နှာနဲ့အတူ)
မမြင်ချင်လည်း မြင်နေရဦးတော့မယ်။

In: ကဗျာ Posted By: Date: Dec 26, 2012
Comment #1

Title attracts me

commentinfo By: ei lay at Dec 27, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment