Professional Authors

နင်စာနာပါ .. ကဗျာ (သက်ထွေး)

(၁)

ငါ အိပ်မက်တယ်
ကဗျာ …

တစ်ဦးတစ်ယောက်ရဲ့
ဂီတမှာ
နင်လှပစွာ ကနေတယ်
ကဗျာ …
နင်များ လှမ်းကာကြည့်လေမလားဆိုပြီး
ငါ့မှာ အိနြေ္ဒမရ
စွယ်တော်ရွက် အခြောက်တွေ
ကြွေကြွေပြနေရတယ်။

(၂)

ငါ ဆုတောင်းတယ်
ကဗျာ …

ခေါင်းပန်းလှန်ပြီး
ဖြတ်ကြရမယ့်မဲ
အချစ်မှာ သရေပွဲမရှိဘူး
ကဗျာ …
ဆုတောင်းဆိုတာက
ဆုမကောင်းခဲ့သူတွေအတွက်
မဟုတ်လား။

(၃)

ငါ စိုးရိမ်တယ်
ကဗျာ …

ရုပ်ဝတ္ထုဆန်ဆန်
လောကဓံကို နင်ကြိုဆိုဆက်ဆံမှာ
ငါစိုးရိမ်တယ်
ကဗျာ ..
အလှတရားကို
လိုသလို ထိုးအန်
အလျော်အစားမဆန်ချင်စမ်းပါနဲ့။

(၄)

ငါ အသက်ရှူကျပ်တယ်
ကဗျာ …

ငါ့ရင်ကိုခွဲ
အလင်းတွေကျဲပါ
ကဗျာ …
ပိုးစုန်းကြူးတစ်ကောင်ရဲ့
နောက်ဆုံးညဟာ
အလင်းတွေရမှ
လှမှာမဟုတ်လား။

(၅)

ငါသွားမယ်
ကဗျာ …

လမ်းခွဲခြင်းဖတ်စာမှာ
သတိရခြင်းစာမျက်နှာ များစွာပါတယ်
ကဗျာ …
ငါရေးတဲ့စာ
အခါခါဖတ်
နင်စာနာတတ်ပါတော့
ကဗျာ …

သက်ထွေး
အောက်တိုဘာ ၁၇ ၂၀၁၀ ည ၉း၅၁

In: ကဗျာ Posted By: Date: Oct 23, 2010
Comment #1

အရမ်းကောင်းတယ်ဗျာ…ခံစားချက်ခြင်းတိုက်ဆိုင်တယ်..အစ်ကို သက်ထွေး
အရမ်းကောင်းတယ်ဗျာ

commentinfo By: tharthar at Oct 23, 2010
Comment #2

ကောင်းကောင်း ကောင်းကောင်း ကဗျာလေးကတော့ တကယ်ကို ကောင်းကောင်း ..
မမိုက် မမိုက် ကဗျာလေးဖတ်ပြီး စိတ်မကောင်း ဖြစ်ရတာတော့ တကယ်ကို လုံးဝ လုံးဝ မမိုက် မမိုက် ..
အန်နီးဝေးးးးးးးးးးး တကယ်ကို ကြိုက်၏။။။
clappinggggggggggggg**********777777777777777777777777777

commentinfo By: ဖြိုးဖြိုး at Oct 25, 2010
Comment #3

Like တယ်ကွာ…။။။

commentinfo By: အမရာ at Oct 25, 2010
Comment #4

ငါ အသက်ရှူ ကြပ်တယ်
ကဗျာ….
နင် သဂျီးရဲ့ မှင်တံနဲ့ အရေးခံရတိုင်း
ငါ မနာလိုဘူး။

commentinfo By: Za TaGwel at Oct 25, 2010
Comment #5

ငါ အိပ်မက်တယ်
ကဗျာ …

တစ်ဦးတစ်ယောက်ရဲ့
ဂီတမှာ
နင်လှပစွာ ကနေတယ်
ကဗျာ …
နင်များ လှမ်းကာကြည့်လေမလားဆိုပြီး
ငါ့မှာ အိနြေ္ဒမရ
စွယ်တော်ရွက် အခြောက်တွေ
ကြွေကြွေပြနေရတယ်။
လေးစားပါတယ် ကိုသက်ထွေးရေ….။

Comment #6

ငါ ဆုတောင်းတယ်
ကဗျာ …

ခေါင်းပန်းလှန်ပြီး
ဖြတ်ကြရမယ့်မဲ
အချစ်မှာ သရေပွဲမရှိဘူး
ကဗျာ …
ဆုတောင်းဆိုတာက
ဆုမကောင်းခဲ့သူတွေအတွက်
မဟုတ်လား။

commentinfo By: နွေ at Mar 6, 2013
Comment #7

hna lone tarr hnit phat shu r pay twar par de

commentinfo By: ei lay at Mar 6, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment