Professional Authors

တမာတော လမ်း

ဒီလမ်းလေးမှာ ….  ဘာဆိုဘာမှ မရှိပါဘူး

ဖူးပွင့်ပြီးဝေဆာမယ့် နှင်းဆီပန်းတွေ

မရှိဘူး

ရနံ့သင်းပါတယ် ဆိုတဲ့ စံပယ်ပန်းတွေလဲ

တွေ့မှာ မဟုတ်ဘူး

မာနကြီးတယ်လို့ ပြောကြတဲ့ တော်ဝင်သဇင်ပန်း တွေလဲ

ရှိမနေခဲ့ဘူး

အကြွေပန်းပေမယ့် ရွှေနန်းနဲ့ ထိုက်တဲ့ ပန်းခရေတွေလဲ

မြေခ မနေဘူး

တက္ကသိုလ် နမိတ် ကံ့ကော်ရနံ့ တွေလဲ မသင်းပါဘူး

ရဲရဲသွေးနီ နေတဲ့ စိန်ပန်းတွေလဲ နတ္ထိ

ဘာဆိုဘာမှ မရှိပါဘူးကွယ်

ရနံ့လေး တစ်ခုနဲ့ အသက်ဆက်နေတဲ့ လမ်းလေးပါ

ငါတို့ အိမ်မက်တွေ မြေစမ်းခရမ်းပျိုး ခဲ့တဲ့ လမ်းလေး

ငါတို့ ခံစားချက်တွေကို သူပဲ နားလည်ခဲ့တာ

ည ည သီချင်းတွေနဲ့ သူ့ကို ချော့သိပ်ခဲ့ကြတာ

သူ့ဆီ တနေ့ အရောက် ပြန်ကြမှာ

လွမ်းမောခဲ့ရတဲ့ ညတွေ အကြောင်း သူ့ကို ပြောပြမယ်

သူ့ ရနံ့တွေက အိပ်မက်ထဲထိ မူးရစ်ဝေသီ လို့

မွတ်သိပ်တဲ့ လွမ်းဆွတ်ခြင်းတွေနဲ့

ဒီ ငယ်ချစ်ဟောင်းလေးဆီ

ဒီ လမ်းလေးဆီ……

ခပ်ဖွဖွလေး အရောက်လာ လျှောက်ကာ သွားချင်နေတဲ့

ငါတို့ရဲ့……

တမာတော လမ်း…….။

 

( MTU..အမှတ်တရ )

 

 

In: ကဗျာ Posted By: Date: Aug 24, 2010
Comment #1

မိုက်တယ်ဗျို့.. အဲ့ကျောင်းကို ရောက်ဖူးလို့လားမသိဘူး ကဗျာကို ခံစားလို့ရတယ်.. Bravo !

commentinfo By: ora at Aug 24, 2010
Comment #2

ကျေးဇူး … ညီမ

commentinfo By: kawlin at Aug 24, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment