Professional Authors

ပန်းတွေ ဝေတဲ့ လမ်း

ပွင့်ဖတ်လေးတွေ ကြွေ

စကားလေးတွေ ခြွေပေါ့..

ပန်းရောင်စုံတွေ  ဖြန်ကျဲ

ခွင့်မရှိပဲ ၀င်လာတဲ့လမ်း..

ဒီဥယျာဉ်ထဲ ပွင့်တဲ့ပန်း

(ဘာပန်းဖြစ်ဖြစ်…)

ငါအတွက် အမြဲ မွှေးတယ်…

 

 

နယ်လွန်ထားတဲ့ ကြိမ်နှုန်းမဲ့

တံတားလေးတစ်စင်းပါ..

 

သူမ၀င်ရ..

ငါမ၀င်ရ နဲ့..

အသူရာ ချောက်ရဲ့ အစပ်က

သံယောဇဉ် ကြိုးတန်းလေး တစ်မျှင်လိုပဲ..

 

အနီကျင့်ကျင့် အနားသားတွေကလဲ

စိုးထိတ်ဟန် အသွင်နဲ့ပါ..

တလှပ်လှပ်..တလှုပ်လှုပ်နဲ့

ခါတိုင်းထက်လဲမြန်လို့..

ရင်ခုန်သံတွေလဲ တဒုန်းဒုန်းပေါ့ကွယ်..

 

ဝင်လာမြဲ လမ်းလေး နဘေးမှာလဲ

ခြွေဆင်းထားတဲ့ အပြုံးရနံတွေ

ချိတ်ဆွဲထားဆဲ..

အာရုံတွေက ဖမ်းစား ခံနေရဆဲ

အမြဲတမ်း ပေါင်းရှင်းထားပါရဲ့နဲ့

တမ်းတခြင်းတွေက မြက်ပင်ရိုင်းတွေလို

ဘာမထီပုံစံနဲ့..

အော်…

ငါလျောက်တဲ့ လမ်း

အပြုံးပန်းတွေ ဝေနိုင်လွန်းတယ်ကွယ်…

 

 

 

In: ကဗျာ Posted By: Date: Nov 2, 2011
Comment #1

d lout kan kaung nay tar myar bar lo tay loh le?
he,,,he,,,
a yan kyike de,thone htar de a thone hnone tway.
ko taung shin loh ma naing de myat pin yine g phyit chin twar de.

commentinfo By: ei lay at Nov 2, 2011
Comment #2

သူမ၀င်ရ..

ငါမ၀င်ရ နဲ့..

အသူရာ ချောက်ရဲ့ အစပ်က

သံယောဇဉ် ကြိုးတန်းလေး တစ်မျှင်လိုပဲ..

Leave Comments

Name*

Email*
Website
Email me whenever there is new comment