Professional Authors

ဆယ့်နှစ်ကြိုး


အပြုံးအနုစားလေးတွေနဲ့
လူသားတစ်ချို့ရဲ့ ရင်ကို
ပြုစား ညှို့ငင်
သူက…မုသားတို့ရဲ့ သခင်။

နှုတ်ခမ်းပါးပါးထက်က
အလွမ်းဓားတစ်လက်ကို
အနမ်းခါးသက်သက်တွေနဲ့ တန်ဆာဆင်သ
သူက…’အငြိုး’တို့ရဲ့ ပန်ထွာဘုရင်မ။

သူဟာ…
အသည်းခွဲနည်းပညာကို
စွဲမြဲကြီးစွာ ဆည်းကပ်
နောက်ဆုံးတော့…
‘ချစ်တယ်’ဆိုတဲ့ အတီးအခတ်လေးနဲ့
(မျှော်လင့်ခြင်း များစွာဟာ)
ဒဏ်ရာမပေါ်ဘဲ အပြီး အသတ်ခံကြရတယ်

In: ကဗျာ Posted By: Date: Dec 26, 2012
Comment #1

😛

commentinfo By: ei lay at Dec 27, 2012
Comment #2

12 kyoe tat aung tin hma phyit dot me htin de.
p hma be Thu ne tway loh ya naing me pone be.
Thu ne “level” ma tu loh de a khu ka bay yout nay de.
😛

commentinfo By: ei lay at Dec 27, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment