Professional Authors

နှစ်တစ်နှစ်ရဲ့နောက်ဆုံးည ဆယ့်နှစ်နာရီတိတိလမ်းပေါ်မှာ

ငါတစ်ယောက်တည်း တစ်လမ်းဝင် တစ်လမ်းထွက်
ငါတစ်ယောက်တည်း တစ်ဆိုင်ဝင် တစ်ဆိုင်ထွက်
ပျို့တက်လာတဲ့တမ်းတစိတ်က လည်ချောင်းထဲမှာ နင်နေတယ်
ငါ ဘယ်လို အော်ခေါ်တိုင်တည်လိုက်ရမလဲ

ဟောဒီကမ္ဘာမြေပေါ်မှာ နှစ်တစ်နှစ်ကျရောက်ကုန်လွန်ခဲ့တာဟာ
မင်းနဲ့ငါ တစ်နှစ်စာပိုဝေးခဲ့ရတယ်လို့ သက်သေပြတာပဲ
ဟောဒီကမ္ဘာမြေပေါ်ကျရောက်လာမယ့် နှစ်တစ်နှစ်ဟာ
မင်းနဲ့ငါ တစ်နှစ်စာရှင်ကွဲနာကျရဦးမယ်လို့ ကြိုတင်နိမိတ်ဖတ်တာပဲ

ငါမရှိတုန်း ရှည်လျားနေမယ့်မင်းရဲ့ဆံနွယ်တွေအကြောင်း
ငါ့ရင်ထဲ ယိမ်းထိုးမျောလွင့်နေတယ်
ငါမရှိတုန်း ကွဲအက်တုန်ခါနေမယ့်မင်းရဲ့ရယ်သံလွင်လွင်လေးတွေအကြောင်း
ငါ့ခေါင်းထဲ ချာချာလည်နေတယ်
ငါမရှိတုန်း နာကျင်မောဟိုက်နေမယ့်မင်းရဲ့အားငယ်စိတ်တွေအကြောင်း
ငါ့ဘ၀ထဲ ထိမှန်ပေါက်ကွဲတယ်

ညီမလေးရေ . . .
လွမ်းတယ်
ဒီထက်ပိုပြီး အသက်ရှုမမှားနိုင်တော့ဘူး
အခုလို လူသူစည်ကားနေချိန်မှာတောင်
လူမှန်းသူမှန်းမသိအောင် လွမ်းနေတုန်းပါပဲကွယ်

နှစ်တစ်နှစ်ရဲ့နောက်ဆုံးည ဆယ့်နှစ်နာရီတိတိလမ်းပေါ်မှာ
ငါ တစ်ယောက်တည်း . . .
ငါ တစ်ယောက်တည်း . . .
ငါ တစ်ယောက်တည်း . . .
အသံကုန်အော်ဟစ်ပေါက်ကွဲမိတော့မယ်
ပျို့တက်လာတဲ့တမ်းတစိတ်က လည်ချောင်းထဲမှာ နင်နေတယ်

                                                                      ကိုသျှား

In: ကဗျာ Posted By: Date: Jan 1, 2012
Comment #1

အရမ်းမိုက်တယ်ဗျာ..ဖြစ်ရပ်တူတာလည်းပါတာပေါ့နော်..။။

commentinfo By: အောင်ကျော်ထက် at Jan 1, 2012
Comment #2

ညီမလေးရေ . . .
လွမ်းတယ်
ဒီထက်ပိုပြီး အသက်ရှုမမှားနိုင်တော့ဘူး
အခုလို လူသူစည်ကားနေချိန်မှာတောင်
လူမှန်းသူမှန်းမသိအောင် လွမ်းနေတုန်းပါပဲကွယ်

နှစ်တစ်နှစ်ရဲ့နောက်ဆုံးည ဆယ့်နှစ်နာရီတိတိလမ်းပေါ်မှာ
ငါ တစ်ယောက်တည်း . . .
ငါ တစ်ယောက်တည်း . . .
ငါ တစ်ယောက်တည်း . . .
အသံကုန်အော်ဟစ်ပေါက်ကွဲမိတော့မယ်
ပျို့တက်လာတဲ့တမ်းတစိတ်က လည်ချောင်းထဲမှာ နင်နေတယ်..အ၇မ်းကောင်းတယ်ဗျာ…
နာကျင်စ၇ာတွေဆိုမေ့ပျောက်နိုင်ပါစေ….

commentinfo By: sharon myorr myor at Jan 1, 2012
Comment #3

har,,,,
tu tu be,,tu tu be,,
but i m not outside.
alone in the room at home.
feel depress n miss so much.

commentinfo By: ei lay at Jan 1, 2012
Comment #4

ငါမရှိတုန်း ရှည်လျားနေမယ့်မင်းရဲ့ဆံနွယ်တွေအကြောင်း
ငါ့ရင်ထဲ ယိမ်းထိုးမျောလွင့်နေတယ်
ငါမရှိတုန်း ကွဲအက်တုန်ခါနေမယ့်မင်းရဲ့ရယ်သံလွင်လွင်လေးတွေအကြောင်း
ငါ့ခေါင်းထဲ ချာချာလည်နေတယ်
ငါမရှိတုန်း နာကျင်မောဟိုက်နေမယ့်မင်းရဲ့အားငယ်စိတ်တွေအကြောင်း
ငါ့ဘ၀ထဲ ထိမှန်ပေါက်ကွဲတယ်
………….
အရမ်းကိုခံစားရပါတယ် အကို

commentinfo By: yaewintaung at Jan 1, 2012
Comment #5

သက္ကရာဇ်ကလည်း သစ်
ကဗျာတွေကလည်း သစ်
ခံစားထားတာတွေကလည်း သစ်
အဲ့ဒီလို အသစ် အသစ် အသစ် တွေကို ဒဏ်ရာတွေနဲ့ နုံချာချာ ပိန်းတိန်းတိန်း တစ်ယောက် အားပေးသွားပါတယ် ။

commentinfo By: X - ray at Jan 2, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment