ဘမ်းစကား .
လေးလံထိုင်းမှိုင်းနေတဲ့ စိတ်ကို
မျက်စောင်းတစ်ခုမှာချိတ်ပေးလိုက်တယ်။
ကောင်ကင်ပြာကြီး ၀တ်လစ်စလစ်ဖြစ်နေပုံကို
အငမ်းမရ မခုန်အားတဲ့ ရိုးရိုးသားသား ရင်ခွင်
မပြင်မဆင် သူမကို…
အရောင်အဆင်း မပါဘဲ ချစ်ချင်တယ်။
လမ်းဘေးအုတ်ခုံပေါ်
အကြိမ်ကြိမ်ကျကွဲဖူးသော ဂစ်တာသံများ
တစ်ဖွာ
နှစ်ဖွာ
ဒီအတိုင်း လွှင့်ပစ်လိုက်ရတဲ့ ဆေးလိပ်တိုများ
ဟိုတစ်စ
သည်တစ်စ
စုတ်ပြတ်မိုးစိုသွားသော နှလုံးသားများ
”ကျမ ရှင့်ကိုချစ်တယ်”…တဲ့
ဒီဓားနဲ့ပဲ
သူတို့ကိုယ်သူတို့ သတ်သေခဲ့ကြတယ်။
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service




Comment #1
Htoo sann like Dar.
a tit pop naw. be lo bann sa karr g tone?
Anyway,,Thz for sharing knowledges