Professional Authors

၇င်ခုန်သံအတု

ဆံပင်နီကြောင်ကြောင် ကောင်မလေးရဲ့
ဟာမိုနီဟာ
မိတ်ဆက်စားပွဲဝိုင်းက ဟန်ဆောင်မှုဟင်းလျှာတွေလောက်တောင်
ငါ့အတွက်
စည်းဝါးမကိုက်လှဘူး…..
ညသန်းခေါင်  ကဖေးဆိုင်က
ချိုစိမ့် _ ၀မ်း  ဆိုတာလောက်
မင်း___ ပြုံးတတ်ရင်ကောင်းမယ်.။

ဒီစကားရည်လုပွဲကြား
ကော်ဖီတစ်ခွက်က  ဟန်လုပ်ပန်လုပ်
ပြုံး  _ လို့။
သြ…….ခက်လှချည်ရဲ့..
အသွေးအတောင်တွေကလည်း
ပွင့်ချိန်တန် ပွင့်ခွင့်မရတော့လည်း
မြင်မြင်သမျှ လက်လှမ်းမှီရာ
မျက်နှာဖုံးတွေနဲ့ပဲ ရနံ့ထုံနေရတော့တယ်လေ.
သူတို့ကိုယ်သူတို့ပြောကြတယ်
မြေဇာပင်  ပါတဲ့…..
လူတွေမသိကြတာ
ငါ့မှာတော့ ကျွှဲဖြစ်ရတာ _ ချို _ နာတယ်။

နောက်ဆုံးတော့
မကျင်လည်နိုင်တဲ့ မြစ်ကျင်းမှာ
ငါ့ကိုယ်ငါ      ခြွေချလိုက်တယ်…
ဟုတ်ကဲ့……
မြေပေါ်မှာ ငါ . ဘ၀ကူးကောင်းတယ်။……….။

In: ကဗျာ Posted By: Date: Sep 18, 2011
Comment #1

အားပေးသွားတယ်

Comment #2

နောက်ဆုံးတော့
မကျင်လည်နိုင်တဲ့ မြစ်ကျင်းမှာ
ငါ့ကိုယ်ငါ ခြွေချလိုက်တယ်…
ဟုတ်ကဲ့……
မြေပေါ်မှာ ငါ . ဘ၀ကူးကောင်းတယ်။……….။

အားပေးသွားပါကြောင်း

commentinfo By: ဧရာဝတီသားး at Sep 19, 2011
Comment #3

ဒီစကားရည်လုပွဲကြား
ကော်ဖီတစ်ခွက်က ဟန်လုပ်ပန်လုပ်
ပြုံး _ လို့။
သြ…….ခက်လှချည်ရဲ့..

commentinfo By: May Kha at Sep 20, 2011
Comment #4

ခင်ဗျားနဲ့ နေ့နာမ်တူခြင်းကြောင့် ကဗျာလေးဝင်ရောက်ဖတ်သွားသည် အားပေးသွားကြောင်းပါ ။

commentinfo By: X - ray at Oct 19, 2011
Comment #5

Title attracts me

commentinfo By: ei lay at Dec 27, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment