Professional Authors

သင်းသင်းမာ အပြုံးများ

မိန်းကလေးတစ်ယောက်ရဲ.အပြုံး
(တစ်ခါလာလဲ ဒါပဲမပြောနဲ. )
သူက ကိုးနှစ်သမီး
အောက်မေးရိုးက လျော့ရဲလို.
ခြောက်သွေ.ကွဲလန်နေတဲ့ နှုတ်ခမ်းတွေ ပွင့်ဟ
ဝါကျင်ကျင်သွားတွေက ပေါ်လို.
ဒီကြားထဲ သူပြုံးတယ်
မနေ.က ဖျားတယ်
ဒီနေ. သတိလစ်သွားတယ်
နောက်နှစ်ရက်ကြာတော့ ဆုံးတယ်
ဒီကြားထဲ သူပြုံးခဲ့တယ်
အောက်ဆီဂျင်ပိုက် တန်းလန်း
ဒရစ်ပိုက် တန်းလန်း
ဆီးပိုက် တန်းလန်း
ဒီကြားထဲ သူပြုံးတယ်
ရောဂါရဲ. နှိပ်စက်မှုက ဘယ်လောက်ပြင်းတုန်း
တို.ထိုးပေးတဲ့ဆေး အာနိသင် ဘယ်မှာတုန်း
မရဏဆီ သွားတဲ့ ခရီးအလျှင် ဘယ်လောက်မြန်တုန်း
( ငါ့စိတ်ကူး နဲ. မင်းကိုမေးတုန်း )
ဒီကြားထဲ မင်း ပြုံးတယ်
သင်းသင်းမာ
မင်းအမေ ငိုနေတယ်လေ
မင်းမေ့မျောမှုမှာ
ဘယ်အိပ်မက်က စိတ်ချမ်းမြေ.စေလို.
မင်းပြုံးပါသလဲ
နေ.ကြွက်ဖြူနဲ. ညကြွက်မည်းတို.
တလှည့်ဆီ ကိုက်ဖြတ်နေတဲ့
ကမ်းပါးစွန်း သစ်ပင်ကို တွဲခိုရင်း
သစ်ရွက်ပေါ်က ပျားရည်တစ်စကို
အာသာပြင်းပြင်းနဲ. လျက်နေကြ တဲ့လူ.ဘဝ
မင်းနဲ.မှ
ငါ ဘ၀င်ကျကျ နားလည်ခဲ့ပြီသင်းသင်းမာ။ ။

In: ကဗျာ Posted By: Date: Jun 26, 2009
Comment #1

ဒီကဗျာကို ကျွန်တော် တော်တော် သဘောကျတယ်ဗျ။ ရေးထားတဲ့ ပုံစံတော့ သိပ်မကြိုက်ဘူး။ ဒါပေမဲ့ သူ့ အဓိပ္ပါယ်နဲ့ ဖန်တီးထားမှုကိုတော့ သဘောကျတယ်။

commentinfo By: chiron at Jun 27, 2009
Comment #2

အင်း………..ကိုယ်ပိုင်အောင် မလုပ်နိုင်သေးတော့လည်း…
ဒီတိုင်းပဲ ခန္ဓာတွေ စွန့်လွတ်ရအုံးတော့မှာပါပဲ….
သံသရာတွေ လည်ပတ်နေရအုံးမှာပဲလေ….

ရတုန်းရခိုက်…
ရမိတဲ့ ဘဝလေးတွေကိုတော့ ခင်တွယ်မိကျအုံးမှာပါ….

commentinfo By: မှုံရွှေရည် at Jul 17, 2010
Comment #3

nice … 😛

commentinfo By: chityellusoelay at Aug 19, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment