Professional Authors

ဒီဇင်ဘာအလွမ်း

ရေပြင်ကျယ်တစ်ချို့
လှိုင်းမရှိကငြိမ်သက်လို့
သွားမတို့ နဲ့ လှိုင်းထလာမယ်
မခံစားဘူးတဲ့ နှလုံးသား
အချစ်နဲ့တွေ့တော့
နှိုးစက်မှရှိလည်း အလိုလို ထလတာ
အချစ်ရဲ့အသက်
နင့်က ငါ့ရဲ့တစ်သက်တာလို့
ငါ ကျိန်ဆိုဘူးတယ်
လိမ်တယ်ဆိုတာသိတယ်
အဲ့ဒီ အလိမ်ဟာ
နင့်ကို ရောငါကိုရော
ပျော်ရွှင်စေခဲ့ဖူးတယ်
လူနှစ်ယောက်ကို
ပျော်စေခဲ့တဲ့ အလိမ်
အဖိုးတန်တဲ့အလိမ်ပဲ
ဘယ်လို ပဲ လိမ်လိမ်
ကံကြမ္မာက ထိမ်ချန်ထားတယ်
နင်နဲ့ငါ ဘယ်လိုဖြစ်ဖြစ်
ခွဲရမယ်ဆိုတာ
ကြိုသိခဲ့ရင် ကောင်းမှာပဲ
ကံကြမ္မာဇာတ်ညွှန်း
ခိုးကြည့်ခွင့်မရှိ ခိုးဖတ်ခွင့်မရှိ
ကံကြမ္မာရဲ့ ဖန်တီးမှုအတိုင်း
လိုက်သရုပ်ဆောင်နေရတာပဲ
ရုပ်သေးအသက်
ကြိုးဖြတ်ကြည့်ဖို့
ငါကြိုးစားတယ်
မောဟိုက်မှုသက်သက်သာ
အဖတ်တင်တယ်
ငါလည်း ဒီဇာတ်ခုံပေါ်က
ခပ်ပေါ့ ပေါ့ 3D ဇာတ်ရုပ်တစ်ခုပဲ
လွန်မြောက်ဖို့
ဘယ်လိုပဲကြိုးစား သူမကို
ငါ့အနားကနေ
ခွဲထုတ်သွားတာကို
ငါမတားနိုင်ခဲ့ဘူး
မနေ့က နင့် မင်္ဂလာဆောင် သတင်း
ငါလေ ကြေးမုံဆိုတဲ့ အထဲ
မ၀ံမရဲ ကြည့်လိုက်ရတယ်
သေချာတယ်
ငါမပြောပေမယ့်
မျက်ရည် တစ်ချို့က ငါ့ကို နှစ်သိမ့်ဖို့
သူ့အလိုလို
လှိမ့်ဆင်းလာလိုက်ကြတာ
နှင်းတွေ ဝေကုန်ပြီ
ဒီဇင်ဘာရဲ့ ဆောင်းအိပ်မက်
ဒီအမျှနဲ့ ကုန်ပါစေတော့ကွယ်………………….။

In: ကဗျာ Posted By: Date: Dec 16, 2012
Comment #1

Har,,,
Phyit hma phyit ya lae,,ko Moe g ye.
Sate ma Kaung like Dar.
🙁

commentinfo By: ei lay at Dec 16, 2012
Comment #2

အော်….ဒီဇင်ဘာမှာအသည်းကွဲမှုတွေတော်တော်များကြပါလားနော်
😛 ကျွန်တော်လည်းကွဲပြီးသွားပြီ 😀
Dec 1 မှာ ပထမဦးဆုံးပေါ့

commentinfo By: loafer at Dec 16, 2012
Comment #3

Ei ma par bu naw.
Thu myar a te ko khwe de Thu tway pe Kwe kya.
😛
Lu lane mar laee tway par bu.
A hak,,,
A hak,,,

commentinfo By: ei lay at Dec 16, 2012
Comment #4

Tain~~~ me ei lay pyaw ta lo so
i la thu myar a te ko khwe lite loe pyan khwe khan ya tar pop 😀
Hoonn~~~thu myar twe ka ther i a te ko lar lar khwe nay kya tar 😛

commentinfo By: loafer at Dec 16, 2012
Comment #5

Hote lar?
Wit le tar nay hmar pop.
😛
Loafer ,,,Nout ma soe ne dot naw.
Lane lane mar mar nay,,hote p lar?
Angel laee ne myan myan tway par say Kwe.

commentinfo By: ei lay at Dec 16, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment