Professional Authors

“သူမကိုငါ…မချစ်တော့ဘူး” လို့ တစ်ခေါက်လောက်ပြောကြည့်ပါ

အိပ်ရာထ
မှန်ထဲကကိုယ့်အရိပ်ကိုမျက်နှာချင်းဆိုင်သက်သေပြု
“သူမကိုငါ…မချစ်တော့ဘူး” လို့
တစ်ခေါက်လောက်ပြောကြည့်ပါ

ကိုယ်မွှေးတဲ့မီးဟာ
ကိုယ့်ကိုငရဲတမျှလောင်မြိုက်နေစေခဲ့မယ်ဆိုရင်

နေ့နဲ့ညရဲ့ရှင်သန်မှု
ပျော်ရွှင်မှူအားလုံး
တစပြင်ဆိတ်သုဉ်းစေခဲ့မယ်ဆိုရင်

ပြောသမျှပြူသမျှ
သူမအတွက်တလေးတလံ
ဖိနှိပ်သလိုတစ်ဘတ်သတ်ဖြစ်နေခဲ့မယ်ဆိုရင်

သူမပြုံးဖို့ကအဓိကလား?
ငါပြုံးနှိုင်ဖို့ကအဓိကလား?
အခုတော့နှစ်ယောက်လုံးအတွက်ပြုံးဖို့အခြေအနေမရှိခဲ့သေး
ရှိဖို့မဖြစ်နှိုင်တော့ရင်
ဒါမမဟုတ် ရှိလာတဲ့အထိ အပင်ပန်းဆင်းရဲ ခံကြဖို့
မဖြစ်နှိုင်ဘူးလို့ဆုံးဖြတ်ထားခဲ့ရင်

အိပ်ရာထ
မှန်ထဲကကိုယ့်အရိပ်ကိုမျက်နှာချင်းဆိုင်သက်သေပြု
“သူမကိုငါ…မချစ်တော့ဘူး” လို့
တစ်ခေါက်လောက်ပြောကြည့်ပါ

မျက်ရည်သိပ်သည်းမှူနည်းလေ
တိမ်သားအရောင်ဖြူလွလေမို့။ ။

ဩမြိုင်

In: ကဗျာ Posted By: Date: Jun 1, 2011
Comment #1

ကောင်းလိုက်တဲ့…ကဗျာ

commentinfo By: အသဲကွဲမိုး at Mar 13, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment