Professional Authors

သစ္စာ ၂

ကောင်မလေး ရယ် . . . .
စစ်တုရင် ထိုးရာက
ငါ့ နှလုံးသား ကို တိုက်ယူသွားတယ်နော်
အဲ့တုန်း က နင်ပြောခဲ့တာ ရိုးရိုးလေးပါ
ငါ နိုင်သွားပြီနော် တဲ့ . . . . ။

ဘယ်လိုကြောင့်ပါလဲ
ငါ့မှာ လည်း ဘ၀ဆုံးရှုံးသွားတယ်

ဒါ ကို ငါသိလိုက်တဲ့အချိန်
နင့် မသိစိတ်ရဲ့ လက်ထဲမှာ
ဘယ်ဘက်ရင် ရဲ့ အသက်ရှူသံငွေ့ငွေ့လေးကို
ငါ ရေးရေးလေးကြားပြီးတဲ့နောက် . . . .

သေချာပါတယ်
ငါ့ဘ၀ ကို ငါမပိုင်တော့ ဘူးဆိုတာ . . . . ။

ကောင်မလေးရယ်. . . .
ငါဟာ နင့်အပေါ်ရိုးစင်းခဲ့တယ်
အဖြူထည်သက်သက် မြတ်နိုးခဲ့တယ်
ငါ့ သစ္စာဟာ တည်မြဲပါတယ်

ဒါပေမဲ့
နတ်ဆိုးတွေဟာ ကောက်ကျစ်တတ်တယ်

ကကြီးကို ယပက်လက် ဖြစ်အောင်ရေးတတ်တဲ့ ပတ်ဝန်းကျင်ကြား
ငါ့သစ္စာ ဟာ အရောင်ဆိုးခံရတယ် . . . . ။

ဘယ်လိုပဲ ရှိပါစေ
ဘယ်ပုံစံပဲ ပြောင်းလဲနေပါစေ
ရွှံ့ မဟုတ်တဲ့ နှလုံးသားက
ဈေးနှုန်း မကပ်တဲ့ရင်ခုန်သံတွေ အပြည့်နဲ့ပါပဲ . . . . ။

In: ကဗျာ Posted By: Date: May 14, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment