Professional Authors

ရင်နှင့်ရင်း၍…..

တကယ်ချစ်လို့ ဝေးသွားကြတာတဲ့လား….?
ဝေးတဲ့ဒဏ် ငါမခံနိုင်သေးလို့
နင်နဲ့ငါ တကယ်မချစ်ဘဲ နီးနီးလေး ရှိချင်လိုက်တာ…..။

ပေါ့ပျက်ပျက် ပျော်ရွှင်သံတွေ ပျောက်ကွယ်သွားတိုင်း
လေးနက်တဲ့ခံစားချက်တွေနဲ့
ငါတစ်ယောက်တည်း  နင်နဲ့ဝေးရမှာ သိပ်ကြောက်ခဲ့တာပါ…။

တွေ့ရမယ့်အချိန်တွေစောင့်ရင်း
ခွဲရမယ့်နေ့တွေ နီးကပ်လာခဲ့တာပဲ
ဒါတွေသိရက် …..အတည်မပြုနိုင်ရဲတာ ငါ့ပျော့ညံ့ခြင်းတစ်ခုလားဟာ…..?

ငါတကယ်မဝေးချင်ပါဘူး ချစ်သူ
ဆုံစည်းနိုင်မှု မသတ်မှတ်နိုင်တဲ့
ဘ၀ ဆိုတာကြီးထဲ……ငါ့မျက်ရည်တွေ ဘယ်လောက်စတေးရမလဲ
ငါ့ကို ငါလည်း နားမလည်သေးနိုင်ဘူး
သေချာသွားတဲ့ ငါ့နှလုံးသားရဲ့ ရည်ရွယ်ခြင်းအက်ကွဲသံ
နင့်ကိုပဲ ရည်စူးသွားတယ်ဆိုတာ…….
ရင်နှင့်ရင်း၍…….ငါပြောပြချင်ရဲ့
ရင်နှင့်ရင်း၍…..ငါ ငိုကြွေးချင်ရဲ့…..
ရင်နှင့်ရင်း၍………ငါ………..ကတိပေးချင်ပါရဲ့ဟာ……….။

In: ကဗျာ Posted By: Date: Feb 3, 2011
Comment #1

ငါတကယ်မဝေးချင်ပါဘူး ချစ်သူ
ဆုံစည်းနိုင်မှု မသတ်မှတ်နိုင်တဲ့
ဘ၀ ဆိုတာကြီးထဲ……ငါ့မျက်ရည်တွေ ဘယ်လောက်စတေးရမလဲ
ငါ့ကို ငါလည်း နားမလည်သေးနိုင်ဘူး
သေချာသွားတဲ့ ငါ့နှလုံးသားရဲ့ ရည်ရွယ်ခြင်းအက်ကွဲသံ
နင့်ကိုပဲ ရည်စူးသွားတယ်ဆိုတာ…….
ရင်နှင့်ရင်း၍…….ငါပြောပြချင်ရဲ့
ရင်နှင့်ရင်း၍…..ငါ ငိုကြွေးချင်ရဲ့…..
ရင်နှင့်ရင်း၍………ငါ………..ကတိပေးချင်ပါရဲ့ဟာ……….။

commentinfo By: အသဲကွဲမိုး at Feb 3, 2011
Comment #2

သေချာသွားတဲ့ ငါ့နှလုံးသားရဲ့ ရည်ရွယ်ခြင်းအက်ကွဲသံ
နင့်ကိုပဲ ရည်စူးသွားတယ်ဆိုတာ…….

commentinfo By: မေပျို at Dec 13, 2012
Comment #3

!_!
!_!
!_!

commentinfo By: ei lay at Dec 13, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment