Professional Authors

နွေထဲမှာ – မောင်စိန်ဝင်း (ပုတီးကုန်း)

နွေဥတုရဲ့၊
ကြွေလုလု ဝါရွက်တွေ။

ပတ္တမြားစီ ထက်ယံမြင့်၊
လက်ပံပွင့်ဝေ။

တပေါင်းနေ၊
ချောင်းရေကိုငုံ့အသောက်။

အဟောင်းခြွေနွမ်း၊
ချောင်းရေခန်း၊
တပေါင်းနေကြမ်းပေမယ့်၊
သပြေပန်း အညွန့်နီနီတို့၊
အဓွန့်ရှည်ရှည် အနေရဲ၊
နွေထဲမကြောက်။ ။

မောင်စိန်ဝင်း (ပုတီးကုန်း)

Leave Comments

Name*

Email*
Website
Email me whenever there is new comment