Professional Authors

‘ဆောင်းဟေမာန်’ (ဝေဟင်)

သည်ဆောင်းဟေမာန်
မြောက်လေငယ်ဆော်သွေး
မြရောင်ခြယ် ပင်ယံနန်းမှာလ
ငွေသဇင်ခွာညိုချပ်ရယ်နဲ့ 
သုန်သုန်လေညှင်းအသွဲ့ မှာ
ယိမ်းနွဲ့ ခါ ကစား…………..။ 

ထက်အာကာ ၀ဠာထက်မှာလဲ
ငွေလ၀ါ ကြယ်စုံခပါလို့
အစွမ်းကုန်အလင်းပတ်ဖြန်းတော့
မြပင်ယံထက်နန်းဆီက
ပန်းဝတ်မှုန် အခန်းဆက်မှာ
ရွှေဝပ်လို့ ပုန်း…………။

ဆောင်းဝတ်ရုံ နှင်းကဗ္ဗလာချပ်ကို
မာယာရှက်ခါ သူခြုံလွှမ်းခိုက်
မြောက်ပြန် လေညှင်းတသိုက်က
ကျည်စယ်ကာ ပတ်ဖျန်းလေတော့
ဖော်ဝေးသူတို့  ရင်ခွင်နန်း
ခိုက်တုန်အောင်ချမ်းတော့သည်………။

အလွမ်းရယ်ဘယ်သို့ လား
ခစားရာရင်ခွင် မဲ့သူမို့ 
ပင်မြင့်ယံ ငွေသဇင်ပန်းကိုလ
တမ်းတ ရနိုး…………………။

ဝေဟင်
့ 

In: ကဗျာ Posted By: Date: Dec 7, 2012
Comment #1

ပြောစရာကိုမရှိတော့ဘူးနော် ကိုဝေဟင် အချုပ်တန်းဆရာဖေ့ကဗျာကိုတောင် သတိရမိတယ် အရမ်းလေးစားတယ် အားပေးတယ် သိတယ်ဟုတ်

commentinfo By: မေပျို at Dec 8, 2012
Comment #2

နဲနဲတောင်မြောက်တက်သွားတယ် မမေပျိုအမြောက်ကောင်းလို့။အားပေးတာကိုလဲသိပါတယ်။ဆရာ့ဆရာကြီးတွေ ပြန်လည်သတိ
ရစေတယ်ဆိုတဲ့အတွက် သီကုံးရကျိုးနပ် ပြီး ၀မ်းသာပိတိဖြစ်မိပါတယ်။

commentinfo By: soewaihin at Dec 8, 2012
Comment #3

မြှောက်တာမဟုတ်ပါဘူးရှင့် .. တကယ်လေးစားတာပါ ကိုဝေဟင် ..

commentinfo By: မေပျို at Dec 8, 2012
Comment #4

ကျေးဇူးပါပဲနော် မမေပျို။နောက် postအသစ်တင်ရင်လဲ အားပေးရမယ်နော်။

commentinfo By: soewaihin at Dec 9, 2012
Comment #5

အခုဆောင်းဆိုတော့ တယောက်တည်းသမားဖြစ်နေတဲ့ ကျွန်တော်က
ဒီကဗျာလေးနဲ့ တိုက်ဆိုင်နေတယ်။
ကျေးဇူးပါ။ ကိုဝေဟင်။

commentinfo By: painpain at Dec 14, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment