Professional Authors

“ရင်ဘက်ထဲက ကဗျာ“ (ဝေဟင်)

ရင်ဘက်ထဲက ကဗျာပါ…
အနှစ်မပါ ပေမဲ့
ကမ္ဘာတည်သ၍ ရှင်သန်
ခိုင်မြဲ မှန်ကန်ပါစေသော်………….။

နှလုံးသားက မြစ်ဖျား ခံ
စစ်မှန်တဲ့ ကဗျာ
စကြာဝဠာကိုဖောက်ထွင်း
အရှိန်ပြင်းပြင်းနဲ့ စီးဆင်းနေတယ်………..။

နယူတန်ရဲ့ နိယာမနဲ့ 
ကမ္ဘာကြီးရဲ့ ဆွဲအား
မသိထားခင် ကတည်းက ငါ့ဘဝ
လမ်းလျောက်တတ်နေပြီ………….။

ငါ့  သွေးမခြောက်ခမ်းသ၍
ကမ္ဘာနဲ့ ကဗျာ ခွဲခြား၍မရ
ကဗျာနဲ့ ငါ ခွဲထား၍မရ
မနုမလှပေမဲ့ အခုဘ၀တွင်မကဘူး
နှလုံးသွေးထိ ရစ်ဆင်း
ခန္ဒာတစ်ခုလုံး…..
စကားလုံး၊ကာရန်၊အလင်္ကာ
ကဗျာ ဆိုတဲ့သွေး
နည်းနည်းလေးမှ မလျော့ဘူး
နည်းနည်းလေးမှမလျော့ဘူး
နည်းနည်းေ…………………။

ဝေဟင်

In: ကဗျာ Posted By: Date: Jul 10, 2013
Comment #1

ကဗျာကို အရမ်းချစ်တဲ့ပုံပဲဗျာ
အရမ်းမိုက်တယ် ကဗျာက
အားမာန်အပြည့်ပဲ ~

With respect,
RAY

commentinfo By: X - ray at Jul 10, 2013
Comment #2

ချစ်တာပေါ့ဗျာ။အကိုလဲချစ်လို့ခံစားသွားတယ်လို့ မြင်ပါတယ်။

commentinfo By: soewaihin at Jul 11, 2013
Comment #3

ကဗျာတွေကို ချစ်ပါတယ်
ကဗျာရေးတဲ့သူတိုင်းက ကဗျာတွေကိုချစ်မှာပါ
အစ်ကိုလို့ခေါ်တဲ့အတွက်တော့ ကျေးဇူးတင်ပါတယ်ဗျာ ဒါပေမယ့်ကျွန်တော်က ယောက်ျားလေးမဟုတ်ဘူး ~

With respect,
RAY

commentinfo By: X - ray at Jul 11, 2013
Comment #4

မသိလို့ပါအစ်မရယ်။sorry နော်။

commentinfo By: soewaihin at Jul 11, 2013
Comment #5

ရပါတယ်ဗျာ ကျွန်တော်ကဒီအတိုင်းလိမ်ထားတယ်ဖြစ်မှာစိုးလို့ပြောပြရုံပါ အစ်ကိုလို့ခေါ်လို့ဘာမှမဖြစ်ဘူးဗျ ရတယ် ~

With respect,
RAY

commentinfo By: X - ray at Jul 11, 2013
Comment #6

ကဗျာတွေကိုချစ်တယ်

commentinfo By: Blueskymoe at Jul 14, 2013
Comment #7

Mike de

commentinfo By: ei lay at Jan 18, 2014
Comment #8

ဟုတ်လို့လား မအိလေးရဲ့

commentinfo By: soewaihin at Jan 18, 2014
Comment #9

ဟုတ်လို့

commentinfo By: ei lay at Jan 18, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment