Professional Authors

‘အိပ်မက်ချို’ (ဝေဟင်)

အိပ်မက်ချိုတွေကနိုးထ
နောက်ထပ်အိပ်မက်လှလှလေးတွေမက်ဖို့
နှစ်သစ်(2014)ကို ကြိုဆိုလိုက်စို့လား
ချစ်သူ………..။

မောင့်ကမ်းလက်က နုပျိုတဲ့ချစ်ခြင်းတွေ
တွေဝေခြင်းကင်းစွာ နဲ့ခင်ယူပါ
အချစ်သတ်သတ်နဲ့ ထာဝရ လက်ဆောင်ပေါ့……။

မောင့်ပခုံးလေးထက်မှီထားပါနော်
ညရဲ့ရင်ခွင်မှာအိပ်စက်
ကျေးငှက်ကလေးတွေမနိုးရအောင်
ခင့်နှလုံးသားနဲ့နားဆင်ပေါ့
မောင့်ရင်ခွင်မှ ချစ်ခြင်းစကား
ခွန်အားလည်းပြည့်နေတယ်………….။

အလွမ်းတွေကိုနှစ်ဟောင်း(2013)မှာ
အကြွင်းမဲ့စွာ ထားခဲ့ပြီး
တို့အတူကြိုဆိုမဲ့ နှစ်သစ်(2014)
ချစ်ရက်တွေပဲပြည့်နေတဲ့ပြက္ခဒိန်
လွမ်းဆွေးရက်တွေ ချန်လှပ်ပြီး
တို့အတူရေးဆွဲကြမယ်
စက္ကန့်တိုင်းသတိရနေဖို့ပေါ့………..။

ဝေဟင်

In: ကဗျာ Posted By: Date: Dec 31, 2013
Comment #1

so romantic……..

commentinfo By: niaallin at Jan 1, 2014
Comment #2

Thanks

commentinfo By: soewaihin at Jan 1, 2014
Comment #3

thanks: niaallin

commentinfo By: soewaihin at Jan 18, 2014
Comment #4

အလွမ်းတွေကိုနှစ်ဟောင်း(2013)မှာ
အကြွင်းမဲ့စွာ ထားခဲ့ပြီး
တို့အတူကြိုဆိုမဲ့ နှစ်သစ်(2014)
ချစ်ရက်တွေပဲပြည့်နေတဲ့ပြက္ခဒိန်
လွမ်းဆွေးရက်တွေ ချန်လှပ်ပြီး
တို့အတူရေးဆွဲကြမယ်
စက္ကန့်တိုင်းသတိရနေဖို့ပေါ့………..။

commentinfo By: ei lay at Jan 18, 2014
Comment #5

2015​တောင်​​ရောက်​​တော့မယ်​​နော်။နောက်​ထက်​အိပ်​မက်​ချို​တွေဆက်​မက်​နိုင်​ကြပါ​စေ​တောင်းဆု​ခြွေလျက်​….

commentinfo By: soewaihin at Nov 9, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment