Professional Authors

ကမ်းလက်က ဘ၀ ရသ (ဝေဟင်)

အခန်းဆက် အလွမ်းတချို့မှာ
ပန်းမာယာ ရနံ့ခါးခါး
ဓားသွားထက်ရှတ
ဘ၀ထဲကပျားရည်စက်
နှစ်ကိုယ်တူမပျက်တဲ့သစ္စာနဲ့
ချိုမြိန်နေဆဲပဲ………………။
ထိုအချိန်
ဤအချိန်
နောင်တချိန်
အချိန်ဆိုတဲ့ရာသီရဟတ်
လည်ပတ်နေသမျှ ရှင်သန်မှန်ကန်
တူမျှနေတဲ့သဘောထား
နှလုံးသားကတွေးတိုးစမ်းသမျှ
ရင်ခုန်သံစည်းချက်မှန်စွာ
အချစ်မှာမျောပါလို့
သစ္စာကိုအသိခြုံ
တို့ခိုလုံတဲ့ရင်ခွင်ကိုယ်စီကနွေးထွေး
အတွေးများလည်းထပ်တူ
တစ်သက်အတူမခွဲဖို့ကြံဆ
ရသမြောက်တဲ့ဘ၀တစ်ခုပေးခဲ့ကိုယ်စီ………………။

ဝေဟင်

In: ကဗျာ Posted By: Date: Nov 6, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment