Professional Authors

သဘာဝကိုချစ်တတ်အောင်ဘယ်လိုသင်ပေးရပါ့

သဘာဝကိုချစ်တတ်အောင်ဘယ်လိုသင်ရပါ့

ဖြူလွလွငွေရည်ကလေးများ
သစ်ရွက်ကလေးပေါ်တွဲလွဲခိုရင်း
မြေပြင်ကိုတစက်ချင်းဆင်း
နှင်းငိုချင်းချနေသလိုပါလား။
အလွမ်းတွေဝေနေတဲ့ဆောင်း
အဖြစ်ဟောင်းလေးတွေကိုသတိရအောင်၊
သူမို့မြင်သူလွမ်းအောင်လုပ်ရက်တယ်။
ဒီအကြောင်းပြန်ပြောင်းပြောပြတော့
သူပြန်ပြောတဲ့စကား
“‘ဒါဆန်းသလား သဘာဝပါ”တဲ့

ငိုမလို ပြိုမလို ကောင်းကင်ထက်က
မြေပြင်ကို အတင်းခုန်ဆင်းချင်ကြတဲ့မိုးရေစက်
သူငိုချက်ကတော့ရက်စက်တယ်
သစ်ရွယ်တွေတောင်မျက်ရည်စို.ပြန်သတဲ.
ဒီလိုလေးပြောပြ ပြန်တော့
သူပေးလိုက်တဲ့မှတ်ချက်
“ပေါရက်လိုက်တာ”တဲ့။

မနက်ခင်းထွက်တဲ့နေလုံးနီ
ညပြန်ဝင်တဲ့နုတ်ဆက်နေ
ကိုယ်စားချန်ထားခဲ့တဲ့ငွေလမင်း
ဖြည်းညင်းစွာသီချင်းဆိုရင်းစီးဆင်းတဲ့မြစ်မင်း
ရွက်ကြွေနဲ့အတူအလွမ်းတွေကိုပါသယ်လာတဲ့နွေလေပြင်း
ခပ်သင်းသင်းလေးမွေးတဲ.ပန်းရနံ့
ချစ်ခြင်းကိုသီကျူးတဲ့သီချင်းငှက်
သာယာသော အကြောင်းပေါင်းများစွာကိုတင်ဆက်တဲ့
ကျွန်တော်ကို စိတ်သိပ်ပျက်နေတဲ့ပုံနဲ့
သူလုပ်ပြလိုက်ပုံလေးက
ဘာမှန်းမသိလိုက်တဲ့ကြော်ငြာမှာ
မိုးဟေကို နှာခေါင်းရုံ့ပြလိုက်သလိုပါဘဲ။

Comment #1

မိုးဟေကိုက ဘယ်လို နှာခေါင်း ရှုံ့ပြတာလဲဟင်။ ပေါရဲဖို့ဆိုတာ တော်ရုံလွယ်လွယ်အရည်အချင်းမဟုတ်ဘူးနော်။

commentinfo By: မနောဖြူလေး at Jun 14, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment