Professional Authors

ကျန်ရစ်ခဲ့ခြင်းများ

ကြယ်မြင်လမြင်လောကဓံတွေကြား

ဘ၀ဟာပါးပါးလေးဖြတ်သန်းသွားတဲ့အခါ

ယုံကြည်ချက်တွေဟာပြိုကျလိုက်၊

ပြန်ထလိုက်ပေါ့ ……………………………..

အတွေးခေါင်တာမဟုတ်ပေမယ့်

တစ်ခါတလေကိုယ့်ကိုကိုယ်

သူရဲဘောကြောင်နေသလိုတော့ခံစားမိ

ဝေဒနာလှိုင်းဂယက်တွေကြားမှာ

အနေကြာပူလွန်းခဲ့သူမို့

မဖြေသာဒီရင်ထဲ လွမ်းစိတ်ကယ်မပြေ

ယောင်ချာချာအတွေးတွေနဲ

့ဒီတောင်ကိုမောင်မဖြိုတော့ပါဘူး

တော်ရာမှာပဲကျွမ်းလုကြွေ

သံယောဇဉ်အမျှင်တန်းသွယ်ရင်း

ပြန်ပြောကာရင်မဖွင့်နိုင်သူမို့

ကိုယ် ……………………….

ကဗျာတောမှာပဲ နေခဲ့ပါတော့မယ်ကွယ်။          ။

 

တင်မျိုးနိုင်

 

In: ကဗျာ Posted By: Date: Dec 7, 2012
Comment #1

ကဗျာတွေနှင့် စာတွေကို အဖော်ပြုနေရင် အချိန်ကြာလာလေ သက်သာသွားမှာပါ ..

commentinfo By: မေပျို at Dec 7, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment