Professional Authors

ဝိရောဓိ

လူးလားခေါက်တုန်လျှောက်ကာပြေးရင်းအော်ဟစ်နေရသောအမှန်တရား
သူခိုးပြေးမှထိုးကွင်းထရသလိုဖြစ်ပေမယ့်
ထိုးကွင်းထိုးနေတုန်းသူခိုး ခိုးခံရသလို ဟိုလှည့်ဒီလှည့် ခံရခက်ချည်ရဲ့ကွာ
အကြပ်အတည်းဆိုတာ ရုန်းကန်နိုင်သူအတွက် အလှည့်အပြောင်းတစ်ခု
တစ်ခုခုကိုချနင်းလိုက်တာမှ အဆင်ပြေမယ်ထင်ပါတယ်
တစ်ကောင်စားရဖို့အရေး အကောင်ကောင်ကျွေးနေရမယ့်အဖြစ်
မကျွံပဲနစ်ခဲ့ရတဲ့စကားတွေလို အတောင်ပံတွေပါခဲ့ရင် သိပ်ကောင်းမှာပဲကွယ်
ရောင်တောင်ပေါင်တောင်ဖြစ်နေပေမယ့်  ပြောင်ပြောင်ရောင်ရောင်နဲ့ငတ်နေရတာ
တန်ပါတယ် မှန်းချက်ကလွဲခဲ့ရပေမယ့် လွမ်းထွက်ကာပွဲမဆူရဲသူမို့ တိတ်တိတ်နေတော့ထောင်တန်သလိုဖြစ်
ညစ်ချင်ညစ်ရိုင်းချင်ရိုင်း ဒါငါတို့သမိုင်းပေမို့ တို့မြေတော့အထိမခံ
အရောင်ရောင်အမှားမှားတွေနဲ့ အကြာင်ကြောင်အကြားကြားတွေမို့
ဒါ ၀ါဒမှိုင်းတွေ ၀ါဒမှိုင်းတွေ အယူအဆအကွဲတွေနဲ့ တူမျှကာသက်သေထူကြရင်
ယူသမျှဟာ မှန်ချင်လည်းမှလိမ့်မယ် မှားချင်လည်းမှားလိမ့်မယ်
ကဲ  ….ဘာသာဗေဒတွေအကြား မြင်မြင်ရာခေါင်းစားမနေနဲ့
ဒီကဗျာကို ခင်ဗျားတို့ကြိုက်သလိုဝေဖန်နိုင်တယ် ။          ။

တင်မျိုးနိုင်

In: ကဗျာ Posted By: Date: Dec 4, 2012
Comment #1

ဝေဖန်သွားပါတယ် .. နော် စတာပါ အားပေးသွားပါတယ်ရှင့်

commentinfo By: မေပျို at Dec 4, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment