Professional Authors

မေတ္တာအက်ကြောင်း

ပန်းချင်းအတူတူဆိုပေမယ့်
လမ်းချင်းမတူညီခဲ့လေတော့
ပန်းသတင်းပန်းချင်းတောင်မဆောင်နိုင်ခဲ့
လူသတင်းလူချင်းရှောင်နိုင်ခဲပေါ့
တလူလူတလွင့်လွင့် တထင့်ထင့်နဲ့ရှင်သန်
အဖန်ဖန်အလဲလဲ အက်ကြောင်းထင်မေတ္တာတရား
နည်းနည်းတော့ခါးချင်ခါးသွားနိုင်ခဲ့
ထားချင်လည်းထားခဲ့နိုင်ပါတယ်
မသွားခင်ကရောက်နှင့်နေသူမို့
မကြားချင်လည်းကြားယောင်နေမိ
ဆိုရလွန်းတဲ့ဒီတေးသွား ကြားချင်လည်းကြား ခါးချင်လည်းခါးပေါ့
နားချင်လည်းနားလိုက်ကြရအောင်ဗျာ
အားအင်လည်းမရှိတော့ပါဘူး
ထားသခင်ရယ်…………….
အများအမြင်မှာ ငါ့ကို.. ကွပ်မျက်လိုက်ပါတော့
တဖြေးဖြေးချင်းနဲ့ချွေ …..ချွေ……ချွေ ။                      ။

တင်မျိုးနိုင်

In: ကဗျာ Posted By: Date: Jan 2, 2013
Comment #1

ထားသခင်ရယ်…………….
အများအမြင်မှာ ငါ့ကို.. ကွပ်မျက်လိုက်ပါတော့
တဖြေးဖြေးချင်းနဲ့ချွေ …..ချွေ……ချွေ ။

commentinfo By: အသဲကွဲ မိုး at Jan 3, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment