Professional Authors

ခင်ဗျားကိုယ်တိုင်ပါတဲ့ကဗျာပြဇာတ်

တော်တော်တွေးဖြစ်ခဲ့ပေမယ့် ကျွန်တော်မရေးဖြစ်တဲ့ကဗျာတစ်ပုဒ်

ဇာတ်ကတော့ခပ်ရှုပ်ရှုပ်ပါပဲ ခက်တာကခင်ဗျားကိုယ်တိုင်ဇာတ်လိုက်ဖြစ်နေတာပါပဲ

ကြည့် ….ကြည့် ….ခင်ဗျားကဗျာကိုစဖတ်နေပြီ ဆက်ဖတ်နေပြီ

ဆုံးမဆုံးတော့ မကျိန်းသေဘူးပေါ့ဗျာ

ဖတ်ရင်းနဲ့တွေး၊ တွေးရင်းနဲ့ဖတ် တွေးလိုက်ဖတ်လိုက်ပေါ့ဗျာ

ဘာတွေရေးထားမှန်းကိုမသိဘူး လူကိုအရူးလုပ်တယ် စိတ်ထင်တာတွေလျှောက်ရေး

ဒါ…ကဗျာတဲ့လားဗျာ …ဘယ်မှာလဲကာရန်၊ ဘယ်မှာလဲပါဒ ၊ ဒါ … ဘာဝါဒတွေပါလိမ့်

စိတ်မရှိပါနဲ့ဗျာ ဇာတ်လမ်းကအခုမှစမှာမို့လို့ပါ

ဇာတ်အစမှာချစ်သမျှကိုပတ်ပျိုးကိုနတ်ဒိုးနဲ့ရောလို့မွှေ

သားစိုးလို Rapping မညက်တော့ ခင်ဗျားကရတာနည်းနည်းတော့တောင့်နေလိမ့်မယ်

ဒါပေမယ့် ကိစ္စမရှိပါဘူးဗျာ မီးထိုး၊ မှန်ထိုးတွေနဲ့အမြည်းဖိုးမျှဝေခံစားတတ်ရင်

ခင်ဗျားရဲ့အနုပညာတွေပိုမိုတောက်ကြွလာစေရမယ် ဒီလိုနဲ့ ဇာတ်အလယ်ရောက်မှာ

ကျည်ဆံတွေတဖောက်ဖောက်နဲ့မိုးရွာချသလိုပစ် ဒါပေမယ့်ခင်ဗျားရှောင်စရာမလို

တရွာလုံးနဲ့တစ်ယောက် တဖြောက်ဖြောက်ပြိုလဲ ဟဲ…ဟဲ ခင်ဗျားဘာမှမဖြစ်စေရ

ဂျက်လီတို့တတွေလည်း ဂျပန်တွေကိုတိုက်နေရသလို ကိုသီဟတို့၊ ကိုဝေဠုတို့တတွေလည်း လွပ်လပ်ရေးကိုမရနိုင်သေး တဖြေးဖြေးပေါ့လေ

ဒီလိုနဲ့ဇာတ်ကြောလေးနဲနဲရှည်ခဲ့ပေမယ့် ဇာတ်သိမ်းခန်းမှာတော့ အပျော်လေးတွေချန်ရစ်မယ်ဗျာ

နောက်ခံ Background ကို ပန်းရောင်ပူပေါင်းတွေနဲ့အလှဆင် မြူးမြူးကြွကြွ အိုပါဂမ်းနမ်းစတိုင်အကတွေနဲ့ပေါ့ …..

ကဲ…..မင်းသားက… မင်းသမီးကို ….အဲ….

………………………………………………

“ တောက် ”

ကဗျာဆရာရယ် ဒီနေရာရောက်မှမင်ကုန်ရသလားဗျာ ။            ။

 

တင်မျိုးနိုင်

 

In: ကဗျာ Posted By: Date: Dec 6, 2012
Comment #1

A hak..
A hak..
Nice creation

commentinfo By: ei lay at Dec 6, 2012
Comment #2

သရီးဒီကြည့်ရသလိုပဲ .. ကဗျာထဲကိုရောက်ကုန်လို့

commentinfo By: မေပျို at Dec 6, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment