Professional Authors

ရွှေလယ်သမား

လယ်မြေတစ်ကွက် ရွှေအဆင်းရယ် ပက်လို့

ရွှေရောင်တွေ ဖြန့်ထားလေသလားပဲ!

ပြန့်ပြ့န် ပြူးပြူးနဲ့

တခေါ်ခေါ် မျှော်နေသလို

မြင်မဆုံးလေတော့

တလက်လက် ထလိုက်တဲ့

ဒီအနှံတွေက

မြေကြီးမှာ ရွှေထသီးပေါ့..

 

တဂျုန်းဂျုန်း ဆူတဲ့ အသံ

နားစည်ဝမှာ ဟီးဟီး မြည်တယ်

ကျဲသလား ပျစ်သလားမဝေခွဲဖြစ်

နေရောင်ခြည်နုလား ရင့်လားမသိ

လှေ့နေလိုက်တဲ့ အဖြစ်..

အဲဒါ စပါးလှေ့နေကြတာလား…?

 

မဲကြုပ်ကြုပ်ရယ်

နီကျင့်ကျင့် အရေးပြားရယ်နဲ့

ခြေအသွင်မှာ ရွှံနစ်ခပ်ပျစ်ပျစ်က

တထပ်ထပ် ညစ်တယ်..အော်

ခင်ဗျာတို့ချွေးတွေ

နဖူး တစ်နေရာထဲတင် မဟုတ်ပါဘူး..

 

စပါးဆိုတာ သူတို့ဆီက

အသွင်ပြောင်း လိမ့်ဆင်းလာတဲ့

ချွေးစက်တွေ များဖြစ်နေမလား!

ဝမ်းရေးပင် ဆိုငြား

တစ်စေ့ချင်း တစ်စေ့ချင်းအတွက်

ကျေးဇူးက တစ်လှေကြီးပါ..

 အို…ရွှေလယ်သမားများ…

In: ကဗျာ Posted By: Date: Nov 10, 2011
Comment #1

hote de naw….
kyay zu shin tway par naw.

commentinfo By: ei lay at Nov 11, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment