Professional Authors

အနက်ထည်

ရောင်စဉ်တွေဖြာယှက်
ငါ့ရဲ့ညနက်နက်များထဲ
ရှင်သန်ဖြစ်တည်မှု့များစွာဟာ
ကျောက်ဖြစ်ရုပ်ကြွင်းတစ်ခုလို
ထင်ကျန်ရစ်ခဲ့ ………………

အနက်ထည်သံစဉ်တွေကြား
အပြာရောင်တေးသွားကို…
ငြီးတွားရင်း ……………….
အမှောင်တွေကြားမှာ ……
နေသားကျနေခဲ့ …………

ဘ၀ဆိုတာ………………..
ဆန္ဒနဲ့ထပ်တူကျမယ်ဆိုရင်
ဝမ်းနည်းဖွယ်ရာတေးသံတွေ
ပျောက်ကွယ်ဆိတ်သုဉ်း …
အလင်းမဲ့ညတွေကုန်ဆုံးသွားနိုင်ရဲ့

ဘာပဲဖြစ်ဖြစ်………………………
မင်းနဲ့ဝေးတဲ့ဘ၀ဟာ ……………
အလင်းနှစ်သန်းများစွာကျန်ရစ်ခဲ့သလို
မှုန်တုန်ဝေ့၀ါး ……………………..
ရေကုန်နေတဲ့ ငါး ဘ၀ပါပဲ………….

မင်း ………………………………….
စေ……လိုက………….စေ ………..
သေ….လိုက………….သေ ……….
နေ……လိုက………….နေ ………..။             ။

 

တင်မျိုးနိုင်

In: ကဗျာ Posted By: Date: Oct 19, 2012
Comment #1

Wow,,,
Wow..
Really really envious.

commentinfo By: ei lay at Oct 19, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment