Professional Authors

မင်းပေးတဲ့ လက်ဆောင်များ….

ဒဏ်ရာတဲ့—
ငါ့အတွက်ကတော့
သိပ်မစိမ်းတော့ပါဘူး ။
အလွမ်းတဲ့—-
နေသားကျနေတဲ့–
ငါ့ရဲ့အဖော်တွေလေ– -။
အချစ်တဲ့—–
ငါ့အတွက်
(ခုတော့ )
ရယ်စရာပြက်လုံးလိုပါဘဲ။
မင်းပေးတဲ့ လက်ဆောင်များနဲ့
နေသားကျရင်း—-
ဘ၀က ခုတော့လည်း
နေသာနေပါပြီ ။
တခါတရံတော့—-
ဒဏ်ရာဆိုတာ—
နာကျင်မှန်း
အလွမ်းဆိုတာ—
ခါးသီးမှန်း
အချစ်ဆိုတာ—
မရေရာမှန်း
သိသိကြီးနဲု့ ဆက်မိုက်ချင်နေတဲ့
နှလုံးသားကို ထိန်းချုပ်မထားနိုင်ပြန်ပါဘူးလေ—-။ ။

In: ကဗျာ Posted By: Date: May 28, 2010
Comment #1

wow,,,,,,,,,
amazing presents?

commentinfo By: ei lay at Mar 28, 2012
Comment #2

read again & again

commentinfo By: ei lay at May 14, 2012
Comment #3

my 10 time reading

commentinfo By: ei lay at May 25, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment