Professional Authors

“အချစ်ရက်စက်သည်“ (ဝေဟင်)

ရင်သို့ ချိန်ရွယ်ပစ်ခွင်းခဲ့လေသလား
နှလုံးသားကို ထုပ်ချင်းပေါက်
အပြစ်ရောက်တဲ့ ချစ်သူ့အမုန်း
ငါ…လွမ်းမဆုံးတော့ပြီ………။

အချစ်နှောက်တဲ့ နှလုံးသား
လမ်းခုလက်မှာ ဒဏ်ရာဗရပွနဲ့
တစ်ခဏတာ သူ့အပျော်အချစ်မှာ
တစ်ဘ၀စာ  နှလုံးသားအဆစ်ပါသွားပေမဲ့
ခပ်ယဲ့ယဲ့လေး ပြုံးနိုင်အောင်
ငါ…အားတင်းနေဆဲ…………။

အနာဂါတ်ကိုလဲ မပိုင်တော့တဲ့သူတစ်ယောက်ပေါ့
ငါ့လက်က ထွက်ကျသွားတဲ့ နှလုံးသားက
ငါ့မျက်ဝန်းတွေထဲမှာသိမ်းဆည်း
သူမ အကြည့်စိမ်းစိမ်းတွေလည်းကြောက်
သေလောက်အောင်မလွမ်း မိပေမဲ့
နှလုံးသားမှာ တဆစ်ဆစ်နာ
အချစ်ကဗျာတစ်ပုဒ်ရဲ့အနက်
နှလုံးသား တခါး ချပ်ကိုဖွင့်ဖို့
သူမဟာ ပျောက်ဆုံးသွားတဲ့သော့လေးတစ်ချောင်းပေါ့…………။

မနေ့က စ ခဲ့တယ်
အိပ်မက်တွေနေရာမရတော့တဲ့ ငါ့ညတွေ ကိုကျောခိုင်း
ခပ်ရိုင်းရိုင်းလေးနှုတ်ဆက်ပြီးခါမှ
နံနက်ခင်းရဲ့ တံခါး ၀ မှာ
တွေဝေမိန်းမော တွေးတောမိတာက
အချစ်သိပ်ရက်စက်သည်………….။

ဝေဟင်

In: ကဗျာ Posted By: Date: Jul 8, 2013
Comment #1

:'(

commentinfo By: ei lay at Jan 18, 2014
Comment #2

):၊..

commentinfo By: soewaihin at Jan 18, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment