Professional Authors

စံပယ်ရောင်တေးချင်း

မြောက်လေတွေ
ဆောင်းနဲ့အတူနေကြပြီလှား
ငှက်တစ်ကောင်ကတော့
ခိုစရာ ဆောင်းတတွင်းလုံးပျောက်ရှ
နွေတည့်တည့်မှာ မျက်စိတွေစပ်ခဲ့ရတယ်…

ပင်လယ်တစ်ခုလုံး ငန်ပြီးကာမှ
ဘယ်သူဘယ်ဝါလို့
ပယောဂ မရှာချင်ပါဘူး
တစ်ဦးနဲ့တစ်ဦးတော့
လောကဓံတွေ အပြန်အလှန် မထပ်ကြေးပေါ့…

လွင်ပြင်တစ်ချပ်လုံး
ဆွဲဖြဲခံလိုက်ရပေမယ့်
ကောင်းကင်မမဲ့ခဲ့တဲ့ကောင်ပါ
မြစ်တွေ အပြာကအ၀ါပြောင်းသွား
တင်းတင်းစိထားတဲ့သွားကြွေတဲ့ထိ ကြည်ရဲပါတယ်…

မျက်နှာလို မျက်နှာရ ယဉ်ကျေးမှုကြား
နေရာမသားနားပေမယ့်
ကဗျာတွေစိုက်ထားခဲ့တယ်
ကြည့်တတ်ရင် မြင်ပါလိမ့်မယ်
မနေ့က နေတောင်အနောက်ကထွက်ခဲ့တယ်…..

 

In: ကဗျာ Posted By: Date: Nov 29, 2012
Comment #1

HEROSMITH တို့ကတော့ လုပ်ချလိုက်ပြီနော် .. အရမ်းကြိုက်တယ်ရှင့် ကော်ပီကူးသွားပါတယ်

commentinfo By: မေပျို at Nov 29, 2012
Comment #2

ကျေးဇူးပါဗျာ

commentinfo By: HEROSMITH at Dec 2, 2012
Comment #3

ပင်လယ်တစ်ခုလုံး ငန်ပြီးကာမှ
ဘယ်သူဘယ်ဝါလို့
ပယောဂ မရှာချင်ပါဘူး
တစ်ဦးနဲ့တစ်ဦးတော့
လောကဓံတွေ အပြန်အလှန် မထပ်ကြေးပေါ့…

commentinfo By: မေပျို at Dec 2, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment