ကြွေအံ့ဆဲဆဲသစ်သီးတွေကို ရင်နဲ့မဆံ့အောင်သိုဝှက်ထားတဲ့ ကောင်လေး
မီးတောက်တစ်ခုပါ…
အိမ်လည်ထွက်တဲ့ ပုံပြင်တစ်ပုဒ်မှာ
မှုတ်ငြိမ်းခံခဲ့ရသူ….
ဒီလိုနဲ့
သူဟာ လေဖြစ်သွားတယ်….
သူဟာ ကြွေအံ့ဆဲဆဲသစ်သီးတွေကို လိုက်ရှာနေတော့တယ်..။
အဲဒီနောက်
သူဟာ သစ်သီးအကြွေတစ်လုံးဖြစ်သွားတယ်..။
ကောင်မလေးတစ်ယောက်အတွက်
သူ့ကိုယ်သူခြွေချလိုက်တာပေါ့..။
သူဟာ ကောင်မလေးတစ်ယောက်ဖြစ်သွားတယ်
သူဟာ ကြွေအံ့ဆဲဆဲ သစ်သီးလေးတွေကိုလိုက်ရှာနေတော့တယ်..။
ကောင်လေးတစ်ယောက်က သူမပါးကို ဖွဖွကလေးနမ်းတယ်.။
ဒီလိုနဲ့ သူဟာ
ကောင်လေးတစ်ယောက်ဖြစ်လာတယ်..။
စာထက် ကဗျာကို အဆတစ်ရာချစ်တဲ့ကောင်လေးတစ်ယောက်ပေါ့
အောင်စာရင်းစာရွက်တိုင်းမှာတော့
သူ့နာမည်ဟာ ပြောင်သလင်းခါလျက်ပါဘဲ..။
ကောင်မလေးက သူ့ဖုန်းနံပါတ်ကို Black List လုပ်လိုက်တယ်
သူဟာ ကြွေအံ့ဆဲဆဲ သစ်သီးလေးတွေကိုလိုက်ရှာရင်း
သူ့ကိုယ်သူသာ ပြန်တွေ့တယ်။။
ရင်ထဲမှာ မီးတွေတောက်နေတဲ့ကောင်လေးတစ်ယောက်..။
အဲဒီနောက်တော့
သူဟာ လုံးလုံးလျားလျား မီးတောက်တစ်ခုဖြစ်သွားတော့တယ်
အခု
အိမ်လည်ထွက်ဖို့ကြိုးစားရင်း
သူ့ကိုနင်းခဲ့တဲ့ ကောင်မလေးကို ပြန်တွေ့တယ်….။
သူဟာ
ကောင်မလေးဆီကို အိမ်လည်ထွက်လိုက်တော့တယ်..။။။
နိုးဆက် နေ့
Comment #2
ဟုတ်တယ်။ ချစ်စရာကောင်းတယ် ကဗျာလေးက..။ နောက်ဆုံးအပိုဒ်လေးကို ပို ကြိုက်တယ်.။
သူဟာ
ကောင်မလေးဆီကို အိမ်လည်ထွက်လိုက်တော့တယ်….
By: လရိပ် at Nov 26, 2012
Comment #3
အလည်လိုက်ခဲ့မယ်နော်
By: မေပျို at Nov 26, 2012
Comment #4
ကဗျာလေးက ချစ်စရာကောင်းတယ်….
ရှေ့ဆုံးနဲ့ နောက်ဆုံးပြန်ဆက်သွားတယ်…
သွဲ့ ကြိုက်ပါသည်…။
By: သွဲ့သွဲ့ at Nov 28, 2012
Comment #7
ကြွေအံ့ဆဲဆဲသစ်သီးတွေကို ရင်နဲ့မဆံ့အောင်သိုဝှက်ထားတဲ့ ကောင်လေး…..
တကယ်ကို..ကဗျာကောင်းလေးတစ်ပုဒ်ပါပဲဗျ။ကြိုက်တယ်ဗျ
By: poem.poem28 at Nov 29, 2012
Comment #8
ဟုတ်သလား ရှင့်း-)
By: သွဲ့သွဲ့ at Nov 29, 2012




Comment #1
ကဗျာလေးက ချစ်စရာကောင်းတယ် 🙂