Professional Authors

ဆန့်ကျင်ဘက်များ

အဲဒီလိုမေ့ချင်ယောင်ဆောင်ထားမိတဲ့အခါ
သတိရမှုတွေသာပိုပိုများလာတယ်…
အဲဒီလိုမမျှော်တော့ဘူးလို့စဉ်းစားမိတဲ့အခါ
စောင့်နေရတဲ့အချိန်တွေနဲ့နေသားကျလာတယ်..
အဲဒီလိုမနာကျင်ချင်တော့ဘူးလို့တင်းထားတဲ့အခါ
သေရာပါအောင်နာကျင်ပြီးလာတယ်…
အဲဒီလိုမငိုတော့ပါဘူးလို့ဆိုတဲ့အခါ
ရှိုက်သံမထွက်အောင်ကျွမ်းကျွမ်းကျင်ကျင်ငိုနိုင်လာတယ်
အဲဒီလိုမခွဲတော့ပါဘူးလို့တိုင်တည်တဲ့အခါ
ခွဲခွါခဲ့ပြီးသောဘဝတခုဖြစ်တည်လာတယ်…

အဲဒီလိုပါပဲ…
ငါဟာ…..
မချစ်တော့ပါဘူးလို့ကျိန်ဆိုနေရင်းနဲ့
အချစ်ကျိန်စာသင့်ခဲ့ပြီးလာတယ်….။။။

အမရာ

In: ကဗျာ Posted By: Date: Jun 24, 2010
Comment #1

ကြိုက်တယ်… တိုက်ဆိုင်လို့ 

commentinfo By: cho at Aug 15, 2010
Comment #2

ကြိုက်တယ် တိုက်ဆိုင်မှုလေးရှိနေတယ်။

commentinfo By: wanakyaw at Aug 26, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment