Professional Authors

ငါ…..(၂)

ကြယ်တွေကြွေသွားပြီလား
မကြွေတော့ဘူးလား
ဆုတောင်းမှုတွေမွတ်သိပ်လာရင်
ကောင်းကင်ကိုပဲ
မော့၊မော့ ကြည့်တုန်း……။
ဒါဟာပဲ
ငါ့ရဲ့  ပြယုဂ်တွေထဲကတစ်ခုပေါ့။…။
ဘာပဲဖြစ်ဖြစ်ပါ
ရပ်တည်မှုတစ်ခုအတွက်
လမ်းပျောက်ခဲ့သူ
တစ်ခုခုဆို…….
ကောင်းကင်ကိုမော့မော့ကြည့်မိနေတုန်း…….
ကြယ်တွေများကြွေဦးမလားလို့ ။…။

In: ကဗျာ Posted By: Date: May 14, 2010
Comment #1

ကောင်းပါတယ် သို့ သော် စကားလုံးလေးတွေ သိပ်အုပ်စု မတောင့်ရှာဘူးဗျာ…

commentinfo By: Nyar Lat Taw at May 14, 2010
Comment #2

ခေါင်းစဉ်နဲ့ ကဗျာနဲ့ စပ်ဆက်ကြည့်လို့ရပါတယ်။
‘ငါ’ ဆိုတဲ့ ကဗျာမှာ သူဟာ ဆုတောင်းဖို့အတွက် ကြယ်တွေကို မော့ကြည့်တတ်တဲ့လူပါလို့ ကဗျာဆရာက ရေးထားတာပဲ။
ပြီးတော့.. ကဗျာတစ်ပုဒ်မှာ လူတစ်ယောက်အတွက် အဓိပ္ပာယ်တစ်မျိုးစီတော့ ရှိကြတာပဲ။
ကဗျာဆရာက သူ့အဓိပ္ပာယ်နဲ့သူ ဆုံးဖြတ်ပြီး ပေးထားတဲ့ ခေါင်းစဉ်ကို ပြောင်းစရာမလိုပါဘူး။
သူများတွေ နားလည်မလားလို့ တွေးပြီးရေးနေရင် ကဗျာကောင်းတစ်ပုဒ်ဖြစ်လာတော့မှာ မဟုတ်ဘူးလို့ စာရေးတဲ့ အစ်ကိုကြီးတစ်ယောက်က ပြောဖူးတယ်။

commentinfo By: Number1Princess at May 14, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment