Professional Authors

ဈာပန

……….
ဈာပန
……….

ခါတိုင်းလိုပဲ
အရှေ့ဘက်ကထွက်ပြီး
အနောက်ဘက်ကိုဝင်သွားတဲ့နေရောင်

လောင်ကျွမ်းမသွားအောင်ထိန်းထားရင်းက
တစ်စတစ်စလောင်ကျွမ်းသွားတဲ့

အခန်းထဲက
ကျွန်မရဲ့နာရီများ

နေရာတိုင်းမှာ
အေးစက်မာကျောပြီးကျောက်ဖြစ်နေတဲ
ရှင့်ရယ်သံလွင်လွင်များ

ပြီးတော့
ကျွန်မတို့ရဲ့
ရစရာမကောင်းအောင်တွန့်ကြေနေတဲ့
အတိတ်ကြမ်းပြင်ပေါ်က
ခါးသက်သက်အနမ်းတွေ

ဒီလိုပါပဲ…
ကျက်သရေမဲ့စွာ
မနက်ခင်းတွေကျွန်မထံရောက်လာတယ်
ကျက်သရေမဲ့စွာပဲ
မနက်ခင်းတွေကျွန်မထံကပြန်ထွက်သွားတယ်

ကျွန်မ
ဘာဆိုဘာမှ မဖမ်းဆုပ်နိုင်ခဲ့ဘူး
ရှင်အပါအ၀င်
အရာအားလုံးကိုပေါ့……

In: ကဗျာ Posted By: Date: Nov 20, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment