ငါ့ကိုချော့ပါ
ညတညမှာ
ပေါက်ကွဲပြင်းရှခဲ့တဲ့ခံစားချက်တခု
အသေးစားလေးပါ
ဒါကိုပဲရေးကြီးခွင်ကျယ်လုပ်လိုလုပ်
မရိုးနိုင်ခဲ့ဘူး
ဒီဇာတ်ကိုပဲထပ်ထပ်ကချင်ခဲ့
ငါ့ကိုချော့ပါ
မှားနေခဲ့သည့်တိုင်အောင်ပဲ
အဲဒီလမ်းမထက်မှာ
နင်မလာမချင်းခေါင်းငိုက်စိုက်ချလို့
ပါးပြင်ပေါ်မှာ
မျက်ရည်တွေကနင့်ကိုမျှော်တယ်
တကယ်လို့များ
နင်နောက်ကျခဲ့ရင်
ငါလေ….
ဒုတိယမြောက်ဂျုးလီးယက်လုပ်မယ်။
အမရာ
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
တူတူတူ ချော့ခဲ့တယ်သိပ်ပါတော့နော်…