Professional Authors

တိုင်ပင်လွဲတဲ့လူ

တကယ်က ခပ်ခါးခါး လှိုင်းကြမ်း
အတိတ်စိမ်းနဲ့  နမိတ်ကြမ်းလဲ မြူးချင်မြူးမယ်
ငါ့ဆေးလိပ်က ပြာတန်းရှည်ခဲ့တယ်.
နရီကိုဆန့် ထုတ် ကာရံ လဲ မဲ့ဖူးခဲ့ပြီ
မိုးမချုပ်အောင် ကတ္တရာကြမ်းခင်းကိုလဲ ဆန်တတ်တုန်းလေ
အိပ်မက်ဦးမှာ ..ငါရူးနှမ်းဖို့ …..
အာရုဏ်ဦးကို မေ့ပစ်ရမယ်
တကယ်တော့ မနက်တွေက ဝေဝါးဆဲပဲ..
မွန်းတည့်ဖို့  အချိန်မယူနဲ့  နေမင်းရာ
မိုးသောက်တဲ့  ညဦးယံမှာ
မင်းလဲ ငါ့အတွက် လတစ်စင်း ဖြစ်ချင်ဖြစ်မယ်
လှော်တက်မကျိုးမချင်း ငါခရီးဆက်မယ်..
ငါ့ မနက်ခင်းတွေ မှောင်မိုက်လွန်းခဲ့တယ်..
ဖြစ်ချင်ရာဖြစ်….တစ်ယောက်တည်းပဲ
ငါနိုးထဖို့  ပျင်းရိနေတယ်…….
ခပ်ပြင်းပြင်းတစ်ချက်သန်းဝေဦးမယ်
ဒါမှ အဓိပ္ပါယ်ပြည့်စုံတော့မှာပေါ့..။

In: ကဗျာ Posted By: Date: Dec 27, 2012
Comment #1

မင်း တစ်ယောက်တည်းမဟုတ်ဘူး ..
သီချင်းလေးနားထောင်ပြီး အားတင်းထားပါနော်

commentinfo By: မေပျို at Dec 28, 2012
Comment #2

ဟုတ်ကဲ့ပါဗျာ..

commentinfo By: thahanthit at Dec 29, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment