Professional Authors

‘ စိတ်ရိုင်း ‘

အတ္တဆိုးတွေ လွှမ်းမိုးနေတဲ့
ဩကာသ လောကအလယ်…
လောဘ
မောဟ
ဒေါသ တွေဖက်တွယ်လျက်ကြီးပြင်းလာရသူပါ…။
ဣဿာနဲ့မစ္ဆရိယ အချိုးကျကျရောစပ်
စောက်မနက်တဲ့ ဇကောအသွင်
အသိမှာစိတ်ရိုင်းဝင်လို့ မုန်တိုင်းဆင်ခဲ့အခါခါ…….။
အ၀ိဇ္ဖာဖုန်းလွှမ်းနေတော့ မိစ္ဆာသရဲတို့ခြောက်လှန့် 
ကြောက်လန့် ခဲ့  နှစ်၊လ ကြာ
ဒီဝေဒနာအရိပ်ဆိုး လွှမ်းမိုးထားလေသမျှ
‘နေ’ မခ ‘လ’မသာ မှောင်အတိပြီးတဲ့ ကမ္ဘာ…..။
အမှန်ထင် အမှား အားလုံးနဲ့ဇာတ်မျော
မနောတွေ့ သမို့  ကျင်လည်
ဒီနယ်ပယ် သံသရာ ၀ိုင်း
မှားလိုက်တဲ့ ‘ စိတ်ရိုင်း’………..။

ဝေဟင်(နတ်မောက်)

In: ကဗျာ Posted By: Date: Nov 20, 2012
Comment #1

(-!-)

commentinfo By: မေပျို at Nov 20, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment