Professional Authors

‘ထိုနေရာမှာ အချစ်ရှိသည်’

အမုန်းများပဲ လက်ခံရရှိလို့ 
အရှုံးသမားလို့  ပြောချင်ပြောကြပါစေ..
သမိုင်းမတွင်ပေမဲ့ မင်းမြင်အောင်ကြည့်လိုက်စမ်းပါ
နှလုံးသားတစ်ထောင့် အနက်ရှိင်းဆုံးတနေရာကို
တခါတရံ မလှမပ
စကားလုံးတွေရှာမရလို့ 
အချစ်ဟာအကျဉ်းကျ သက်ပျင်းတွေပဲချခဲ့ရတယ်..
မှန်ကန်စွာ အချိုးချ
လှပတဲ့စကားလုံးတွေ ပျိုးမရတာ
အဖိုးအနဂ္ဂ တန်နေလို့ ပါ
မုသားမနှောသမို့  အလင်္ကာမချော
ပညက်သဘောကိုကျော်လွန်
နှလုံးခုန်ကျ ပရမ္မထမို့ 
အတ္တသဘောနဲ့  မင်းမမြင်
မကြင်ယောင် စိမ်းလိုက်ပါနဲ့ 
‘ထိုနေရာမှာ အချစ်ရှိသည်’

ဝေဟင်(နတ်မောက်)

In: ကဗျာ Posted By: Date: Nov 19, 2012
Comment #1

😛
😛
😛

commentinfo By: ei lay at Nov 19, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment