Professional Authors

=== စောင့်မျှော်ခြင်း ===

အတိတ်ဆိုတာ
စိတ်ပန်းချီကားတစ်ချပ်
မှုန်ချင်မှုန် ၀ါးချင်ဝါး
ရင်နှစ်လွှာခြားက
ဖျက်မရတဲ့..
ကဗ္မည်းအက္ခရာ ….။

မင်း ………………….
ပြေးချင်သလောက်ပြေး
ဝေးချင်သလောက်ဝေး
ခြေကုန်မောလျ
နွမ်းလှသည့်ဝယ်
ရင်ခွင်အိုကောင်း
ပန္နက်ဟောင်းက
မပြောင်းသစ္စာ
ချစ်လျှက်ကာဖြင့်
ကမ်းလင့်ကြိုဆို
လွမ်းလွန်းပိုခဲ့
လည်လွန်ငှက်၏
အိမ်ပြန်ချိန် ။        ။

တင်မျိုးနိင်

In: ကဗျာ Posted By: Date: Oct 26, 2012
Comment #1

ကောင်းတယ်ဗျ….

commentinfo By: zawthetoo at Oct 26, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment