Professional Authors

သိုဝှက်ခြင်း

တိတ်တိတ်လေးဆိုပေမယ်
တထိတ်ထိတ်ဖြစ်နေရတဲ့
နှလုံးသား
ငါ………
တိတ်တိတ်လေးဆွေးနေရပေါ့ ။

ဖွင့်ပြောမှသိမယ်ဆိုရင်
တေမိလို ငါ့နှလုံးသား
မင်း ……..
ထားလိုက ထားခဲ့ပါ ။

ပွင့်ပွင့်လင်းလင်းဆိုပေမယ်
နင့်နင့်ပိုးပိုးဖြစ်နေရသူမို့
မင်း ………
ပြင်လိုလည်းပြင်
နှင်လိုလည်းနှင် ။

ရင်နဲ့ရင်းလိုချစ်ရပေမယ့်
ကြွေမယ့်နှင်းဖြစ်နေရတာတော့
ရင်နာတယ်
ချစ်ရသူရယ် ။

အတော်အသင့်လို ဖြစ်ခဲ့ပေမယ်
မျှော်လင့်သလို
မင်း ………….
မချစ်တတ်ခဲ့တော့
ငါ့ ……………
အလွမ်းတွေ …….
ကြွေချင်လည်းကြွေ
ဝေချင်လည်းဝေစေတော့ရယ် ။         ။

တင်မျိုးနိုင်

In: ကဗျာ Posted By: Date: Nov 29, 2012
Comment #1

တချို့သိုဝှက်ခြင်းတွေက ကဗျာလှလှလေးတွေထွက်လာစေတယ်
( ဒီကဗျာလိုပေါ့ .. . 😉 )

commentinfo By: နတ်သမီး at Nov 29, 2012
Comment #2

ရင်နဲ့ရင်းလိုချစ်ရပေမယ့်
ကြွေမယ့်နှင်းဖြစ်နေရတာတော့
ရင်နာတယ်
ချစ်ရသူရယ် ။

ကျမလည်း သိုဝှက်ခဲ့ဖူးပါတယ်

commentinfo By: မေပျို at Nov 29, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment