Professional Authors

ကျွန်မ နှင့် သူတို့နှစ်ယောက်

ကျွန်မ ဘ၀မှာ…ရင်းနှီးခဲ့ဖူးတဲ့ ယောက်ျားနှစ်ယောက် ရှိခဲ့ဖူးတယ်…

တစ်သက်လုံး မေ့လို့   မရမယ့်လူနှစ်ယောက်ပေါ့…

သူတို့   နှစ်ယောက်မှာ…တူတာတွေရှိတယ်…

နှစ်ယောက်လုံးက ကျွန်မကို ချစ်ပါတယ်လို့   ပြောခဲ့ဖူးတယ်…

နှစ်ယောက်လုံးက ကျွန်မ ကို ကလေး လို့   ခေါ်ကြတယ်….

နှစ်ယောက်လုံးက ကျွန်မ ကို ညာကြတယ်..

နောက်ဆုံး…နှစ်ယောက်လုံးက ကျွန်မ ကိုထားသွားကြပါတယ်…

လူတော်တော်များများကလေးဘ၀က…ပင်လယ်ကမ်းစပ်မှာဖြစ်ဖြစ်…သဲပုံပေါ်မှာဖြစ်ဖြစ်…သဲနဲ့   အိမ်ဆောက်ဖူးကြပါတယ်

ခဏတာပဲဆိုတာသိတယ်….မကြာခင်ပျက်မယ်ဆိုတာသိတယ်…

ဒါပေမယ့် ကိုယ့်သဲအိမ်လေးကို ကြည့်ပြီးကြည်နူးရတဲ့ခံစားမှုကို…ဆောက်ဖူးတဲ့သူတွေသိပါလိမ့်မယ်

ပထမ ယောက်ျားက အချစ်ဦးဆိုလဲ မမှားပါဘူး….

ကျွန်မအတွက်တော့ သဲအိမ်လေးပေါ့…အချိန်တန်ရင် ပျောက်ပျက်သွားမယ့်အရာတစ်ခုမှန်းသိခဲ့ပေမယ့်…

သူနဲ့   အတူရှိနေရတဲ့အချိန်လေးတွေအတွက်ကြည်နူးမှုက…ဘာနဲ့   မှနှိုင်းပြလို့   မရပါဘူး…

စိတ်ကစားတယ်ပဲပြောပြော…ဆယ်ကျော်သက်အချစ်ပဲပြောပြော…အရမ်းကိုပျော်ရွှင်ခဲ့တယ်…

သူထားသွားမယ့်အချိန်ရောက်တော့….မျှော်လင့်ထား ကြိုသိထားတဲ့အရာတစ်ခုပေမယ့်….ကျွန်မနာကျင်ခဲ့ရပါတယ်…

နောက်တစ်ယောက်ကတော့….စနစ်တကျ တည်ဆောက်ထားတဲ့ မိုးမျှော်တိုက်ကြီးနဲ့   တူတယ်…

မိုးမျှော်တိုက်ကြီးတစ်တိုက် တည်ဆောက်ဖို့   အချိန်တွေ လူတွေငွေတွေ အများကြီးရင်းရပါတယ်…

ဆောက်တဲ့သူကလဲ….ထာဝရမဟုတ်ရင်တောင်…နှစ်ပေါင်းတော်တော်ကြာ တည်မြဲဖို့   မျှော်လင့်ကြမှာပါပဲ..

ဒုတိယ တစ်ယောက်အတွက်…ကျွန်မ အများကြီးရင်းခဲ့ရတယ်….အချိန်၊ စိတ်၊ မာန အများကြီးပါပဲ…

တစ်ဘ၀စာလို့   တွေးပြီး အများကြီး မျှော်လင့်ခဲ့တယ်…

ဒါပေမယ့်….ဦးတည်ပျံသန်းလာတဲ့ လေယဉ်ပျံတစ်စင်းကို ကျွန်မ သတိမထားလိုက်မိဘူး…

ကျွန်မ တည်ဆောက်ထားတဲ့ မိုးမျှော်တိုက်ကြီး ပြိုကျသွားတဲ့အချိန်မှာ…

ခံစားရတဲ့ နာကျင်မှုက…ပြောပြ နှိုင်းပြလို့   တောင်မရဘူး…

အခုတော့ အရာအားလုံး ပြီးသွားခဲ့ပါပြီ…

ပြိုကျပျက်စီးသွားတဲ့အိမ်တစ်လုံးကို ပြန်ပြင်နိုင်ရင်တောင် အရင်ကနဲ့   ထပ်တူမတူနိုင်တော့ဘူးလေ…

ကျွန်မရင်ထဲမှာ…ကျွန်မကိုယ်တိုင် လက်နဲ့   ဆောက်ခဲ့ရတဲ့ အိမ်နှစ်လုံး…ဒါမှမဟုတ်….ကျွန်မချစ်ခဲ့ရတဲ့ …ကျွန်မကိုချစ်တယ်ပြောခဲ့တဲ့…

ယောက်ျားနှစ်ယောက်ကို….အမြဲ သတိရနေမှာပါ…

နောက်ပြီး….ဒီတစ်သက်…ဘယ်တော့မှ….ကိုယ် ကိုတိုင် လက်နဲ့   အိမ်တစ်လုံး တည်ဆောက်ဖို့   မကြိုးစားတော့ဘူး…

သဲအိမ်ပဲဖြစ်ဖြစ်….၀ါးအိမ်ပဲဖြစ်ဖြစ်….တိုက်အိမ်ပဲဖြစ်ဖြစ်ပေါ့….

အချိန်တန်ရင်တော့….တစ်စုံတစ်ယောက်…ကျွန်မ နားခိုဖို့   အိမ်လေးတစ်လုံး…ဆောက်ပေးလိမ့်မယ်လို့   မျှော်လင့်ရတာပါပဲ…

In: ဆောင်းပါး Posted By: Date: Jul 1, 2009

Leave Comments

Name*

Email*
Website
Email me whenever there is new comment