Professional Authors

သူတို့ပြောတဲ့ ငါ့နှလုံးသား အဖြေ

လမ်းဟောင်းလေးက အံကြတကြီးမေးတယ်
တစ်ယောက်တည်းလားတဲ့
ထိုင်နေကျ ခုံတန်းလေးက ပြောပြန်တယ်
တစ်ယောက်တည်းထိုင်ဖို့ ခုံတန်းက မရှည်ဘူးလားတဲ့
သူတို့ အမေးကို ဖြေဖို့ အားတင်းရင်း
မမျှော်လင့်ဘဲ ကျလာတဲ့ မျက်ရည်ကို
သုတ်ဖို့ လက်ကို အပေါ်တင်လိုက်တော့
လက်ချောင်းလေးတွေက မေးပြန်တယ်
သူတို့လည်း နင့်လက်ချောင်းတွေကို လွမ်းတယ်တဲ့
အမေးတွေကို လိမ်ညာပြီး ဖြေဖို့ ကြိုးစားမယ် ကြံတုန်း
ငါ့နှလုံးသားက သနားခံတယ်
လိမ်ညာပြီး မုန်းရတာ သူပင်ပန်းနေပြီတဲ့
မကြားချင်တော့လို့ နားကိုပိတ်လိုက်ပြီးဖြေလိုက်ပါတယ်
ငါသူကို အရမ်းတွေ့ချင်တယ်ဆိုတာ သေချာသွားပြီ

In: ကဗျာ Posted By: Date: Feb 1, 2012
Comment #1

eeeeeeeeeeeeeeeee
hintttttttttttttttttttttt
linn naw,,,lu soe,,,
a hman tway ko ma pyaw ne,,
ei lay ngo chin lar p,,
thz so so much,,linn

commentinfo By: ei lay at Feb 1, 2012
Comment #2

အမေးတွေကို လိမ်ညာပြီး ဖြေဖို့ ကြိုးစားမယ် ကြံတုန်း
ငါ့နှလုံးသားက သနားခံတယ်
လိမ်ညာပြီး မုန်းရတာ သူပင်ပန်းနေပြီတဲ့
လင်း….ထပ်တူခံစားအားပေးသွားပါတယ်။

commentinfo By: poem.poem28 at Feb 2, 2012
Comment #3

မမျှော်လင့်ဘဲ ကျလာတဲ့ မျက်ရည်ကို
သုတ်ဖို့ လက်ကို အပေါ်တင်လိုက်တော့
လက်ချောင်းလေးတွေက မေးပြန်တယ်
သူတို့လည်း နင့်လက်ချောင်းတွေကို လွမ်းတယ်တဲ့

commentinfo By: kantkawmg at Feb 2, 2012
Comment #4

ကောင်းတယ် … အားပေးသွားတယ်

commentinfo By: ဆန်ဒီ at Feb 3, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment