Professional Authors

ပူတဝက် အေးတဝက် ည

ဒီညတော့ ………………………….
ခုတင်လေးက ငါ့ကိုယ်ငွေ့ နဲ့ အိပ်စက်..

သူတို့ တွေပေါ့ ..ပြေးလွှားနေတာ
သစ်ရွက်တွေကအလှူခံတဲ့ နှင်းစက်တွေလေ.

တောအုပ်က လေပြေကိုဆီးဖမ်း
လေညှင်းတေးသွားနဲ့  ကျောရိုးမဲ့ အပင်တွေ ကခုန်မြူးတူးခဲ့ပေါ့

ချိန်ခွင်ရဲ့ တစ်ဖက်ဆီမှာ..နေတစ်စင်း..လတစ်စင်း
အားပြိုင်နေလေရဲ့ …ငါကတော့မားမားရပ်လို့ ….

အိပ်စက်နေတဲ့ ညအတွက် …
ငါကဆိတ်ဆိတ်နေပေးပါတဲ့

စံပယ်ကပဲ အနံရှိတာလား
ငါကပဲ အနံရှုူမိတာလား..မွှေးလို့ သင်းလို့ 

အမြင့်ဆုံးတက်ပြီး ကျောခင်းလိုက်တယ်
ပူလိုက်တာဗျာ….
အိမ်ခေါင်မိုးတွေပေါ့..အပူဒဏ်တွေကာကွယ်ပေးပြီး
သူကျတော့ .. မအေးမြနိုင်ဘူးပေါ့….

ၹၹ

In: ကဗ်ာ Posted By: Date: Nov 17, 2012
Comment #1

wow,,
nice creation

commentinfo By: ei lay at Nov 17, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment